ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် လုပ်ငန်းခွဲကော်မတီ ဖွဲ့စည်းခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

2018-02-26 to 2018-02-27

EITI လုပ်ငန်းစဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖော်ဆောင်ရန် အတွတ် ပြည်နယ်နှင့် တိုင်း ဒေ သ ကြီး အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း Sub-National Coordination Unit Formation Workshop အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၆ ရက်နေ့မှ၂၇ ရက်နေ့အထိ တနင်္သာ ရီ တိုင်းဒေသကြီး ထား ၀ယ်မြို့ရှိ ဟိုတယ်ထားဝယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ SNU Formation Workshop တွင် EITI ဖော်ဆောင်မှု လုပ်ငန်းစဉ် များအား ရှင်းလင်းတင်ပြခြင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်တွင် စတင် အကောင်အထည်ဖော် ဖွဲ့စည်းရေးနှင့် ပတ်သတ်ပြီး အခက်အခဲများနှင့် အခွင့်အ လမ်းများ အား ဆွေးနွေးခြင်း၊ ဖွဲ့စည်းရာတွင် ပါ၀င်ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ အား ရှင်းပြခြင်း၊ EITI ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ ဖစ်ပေါ် လာနိုင်သ ည့် အခက်အခဲများနှင့် အတွေ့အကြုံများအား သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များမှ ရှင်းလင်းမျှဝေခြင်း များပြုလုပ်ခဲ့ပါသည်။ ယင်းနောက် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွက် ကိုယ်စားလှယ်များ၊ အရန်ကိုယ်စား လှယ်များ အားရွေးချယ်ခြင်း လုပ်ငန်းစဉ်အား ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာ တနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေး ၀န်ကြီး ဦးမြင့်မောင်နှင့် အစိုးရကိုယ် စားလှယ်များ၊ တနင်္သာရီ တိုင်းဒေသကြီး လွတ်တော် ဥက္ကဌ ဦးခင်မောင်အေး နှင့် လွတ်တော်  ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အရပ်ဖက်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ သုံးပွင့်ဆိုင်အဖွဲ့မှ ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေ သရှိ သတင်းမီိဒီယာမှ တာဝန်ရှိသူများ၊ MEITI လုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ဆက်စပ်လုပ်ကိုင်နေကြသော  အဖွဲ့များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှ တာဝန်ရှှိသူများ ၊ DFID မှ တာဝန် ရှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။