ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Mr. Mark Robinson အားလက်ခံတွေ့ဆုံ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးအား ဦးဆောင်သူ Mr. Mark Robinson အား သြဂုတ်လ (၁၄) ရက်နေ့ နေ့လည် (၁:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဥ်ဆိုင်ရာ အကောင်အထည် ဖော်ဆောင်မှု များ၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်း (Validation) လုပ်ငန်းစဥ်နှင့် မြန်မာနိုင်ငံ၏ EITI အကောင်အထည်ဖော်ဆောင်မှုအပေါ် အကဲဖြတ်ဆန်းစစ်အတည်ပြုမှု အခြေအနေနှင့် ယင်းလုပ်ငန်းစဥ်မှ ရှေ့ဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဥ်များ၊ တွင်းထွက်သယံဇာတကဏ္ဍ စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်စေရန်လုပ်ငန်းစဥ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Asia Director Ms. Gay Ordenes ၊ Country Officer Ms. Annie Magus ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ယူနစ်မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပါသည်။