သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ အမှုဆောင်ဒါရိုက်တာ Mr. Mark Robinson အား လက်ခံတွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးအား ဦးဆောင်သူ Mr. Mark Robinson အား သြဂုတ်လ (၁၅) ရက်နေ့ နေ့လည် (၃:၁၅) နာရီတွင် ရုံးအမှတ် (၂၇) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ်ဆိုင်ရာ အကောင်အထည် ဖော်ဆောင်မှုများ၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်း (Validation) လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ၏ EITI အကောင်အထည်ဖော်ဆောင်မှုအပေါ် အကဲဖြတ်ဆန်းစစ်အတည်ပြုမှု အခြေအနေနှင့် ယင်းလုပ်ငန်းစဉ်မှ ရှေ့ဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များ၊ ကျောက်စိမ်းကျောက်မျက်၊ သတ္တုနှင့်ပုလဲကဏ္ဍများ စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်စေရန်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Asia Director Ms. Gay Ordenes ၊ Country Officer Ms. Annie Magus ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစိုးရကဏ္ဍ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။