လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Mr. Mark Robinson အား လက်ခံတွေ့ဆုံ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးအား ဦးဆောင်သူ Mr. Mark Robinson အား သြဂုတ်လ (၁၄) ရက်နေ့ နံနက် (၁၁:ဝဝ) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ်ဆိုင်ရာ အကောင်အထည် ဖော်ဆောင်မှုများ၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်း (Validation) လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ၏ EITI အကောင်အထည်ဖော်ဆောင်မှုအပေါ် အကဲဖြတ်ဆန်းစစ်အတည်ပြုမှု အခြေအနေနှင့် ယင်းလုပ်ငန်းစဉ်မှ ရှေ့ဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်စေရန်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ Asia Director Ms. Gay Ordenes ၊ Country Officer Ms. Annie Magus ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစိုးရကဏ္ဍ ကိုယ်စားလှယ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။