ပြပွဲတွင် ရောင်းချသော ကျောက်စိမ်းတွဲများကို အခွန်ပုံမှန်ကောက်ခံကြောင်း တာဝန်ရှိသူပြော

ကျောက်မျက်ရတနာပြ ပွဲများတွင်ရောင်းချသည့် ကျောက် စိမ်းတွဲများကို အစိုးရက အခွန်ကောက်ခံကြောင်း ဒီဇင်ဘာ ၁၂ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ပြောကြားခဲ့သည်။

စစ်ဗိုလ်ချုပ်ဟောင်းကြီးများ က နောက်ကွယ်က ကြိုးကိုင်၍ထိန်းချုပ်နေသော ကုမ္ပဏီများ သည် နိုင်ငံတော်ကို အခွန်မ ဆောင်ဘဲ ကျောက်စိမ်းများ ရောင်းချခဲ့သည်ဟု ဖော်ပြခဲ့သော Global Witness အစီရင်ခံစာနှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘‘တွင်းဝအခွန်အနေနဲ့ ဖား ကန့်၊လုံးခင်းမှာရှိတဲ့ ကျောက်စိမ်း တွင်းတွေဟာ တူးပြီးတာနဲ့ အခွန် ၂၀ ရာခိုင်နှုန်းဆောင်ရပါတယ်။ ဒေသတွင်းအာဏာပိုင်တွေပါပါ တယ်။ ဒေသတွင်းလူမှုအဖွဲ့အ စည်းတွေပါပါတယ်။ အဲဒီအရှေ့ မှာ ဈေးဖြတ်ပြီးတော့ အခွန် ဆောင်ရပါတယ်။ ပြီးတော့မှ အဲ ဒီကျောက်ကြီးကို နေပြည်တော် ကို သယ်လာပါတယ်။ ကျွန်တော် တို့ရှေ့မှာ ခွဲပါတယ်။ ရောင်းပါ တယ်’’ ဟု မြန်မာ့ကျောက်မျက်ရ တနာလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဇော်အောင်က ပြောသည်။

ကျောက်မျက် ပြပွဲတွင် ရောင်းချထားသည့် ကျောက်စိမ်း တွဲများသည် တူးဖော်ထုတ်လုပ် စဉ်၌ တွင်း၀ အခွန်ပေးဆောင် ပြီး ဖြစ်သည့်အပြင် နေပြည်တော် သို့ ရောက်ရှိ၍ ရောင်းချပြီးပါက မြန်မာကျောက်မျက်ရတနာအ ကောင့်သို့ ငွေလွှဲပေးရကြောင်း၊ ရောင်းချရငွေမှ ဘဏ္ဍာရေးနှင့် ဝန်ကြီးဌာနက ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်းကောက်ကြောင်း၊ ၁၅ ရာခိုင်နှုန်းမကောက်မီ ၁၀ ရာခိုင်နှုန်းကောက်ကြောင်း၊ အခွန်တွေကောက်ပြီးမှ တင်ပို့ခွင့်ပြုကြောင်း ဦးဇော်အောင်က ပြောသည်။ Global Witness ၏ ထုတ် ပြန်ချက်တွင် လက်ရှိအာဏာရ ပါတီမှ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ဦး ဘုန်းဆွေ၊ ဆက်သွယ်ရေးဒုဝန် ကြီး ဗိုလ်ချုပ်ဟောင်း ဦးဝင်းသန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မှ ဝန်ကြီး ဦးအုန်းမြင့်၊ ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေ၊ ပြည်ခိုင်ဖြိုးပါတီ၏ အတွင်းရေးမှူး ဟောင်း ဦးမောင်မောင်သိမ်းတို့ သည် ၂၀၁၃-၁၄ ကျောက်မျက် ပြပွဲတွင် အခွန်မဆောင်မီ ကျောက်မျက်ရတနာများ ရောင်း ချခဲ့သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါစစ်ဗိုလ်ချုပ်ဟောင်း ကြီးများက နောက်ကွယ်က ချုပ် ကိုင်ထားသော ကုမ္ပဏီများသည် ၂၀၁၃ တွင် ကျင်းပသော ကျောက်မျက်ရတနာပြပွဲ၌ အမေရိကန် ဒေါ်လာ ၆၇ သန်းအခွန်မဆောင် မီ ရောင်းချခဲ့ပြီး ၂၀၁၄ တွင် အ မေရိကန်ဒေါ်လာသန်း ၂၂၀ ရောင်းချခဲ့သည်ဟု Global Witness ၏ တစ်နှစ်အကြာသု တေသနပြုလုပ်ထားသော အစီ ရင်ခံစာ၌ ဖော်ပြထားသည်။

ကျောက်စိမ်းတွဲများ ရောင်း ချမည်ဆိုပါက မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်းသို့ လုပ်ငန်းလိုင်စင် တင်ပြရပြီး တရားဝင်ရောင်းချပြီး အခွန်ကောက်ခံမှုကို လုပ်ထုံးလုပ်နည်းများ အတိုင်း လုပ်ဆောင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ကပြောသည်။

Global Witness အစီရင်ခံစာတွင် အခွန်မဆောင်ဘဲ ကျောက် စိမ်းရောင်းချရငွေမှ အမေရိကန် ဒေါ်လာသန်း ၁၈၀ ရရှိခဲ့သည်ဟု ဖော်ပြထားချက်ကို ဦးမောင်မောင်သိမ်း၏ သားဖြစ်သူ လုပ်ကိုင်နေသော မျိုးနွယ်ကျောက်မျက်ရတနာကုမ္ပဏီဒါရိုက်တာ ဦးနေအောင်က မဟုတ်ကြောင်း ငြင်း ဆိုထားသည်။

ကျောက်စိမ်းလုပ်ငန်းမှ ရရှိ သည့် ဝင်ငွေမည်မျှရှိသည်ကို သတ္တုတွင်းဝန်ကြီးဌာနက ဖြေ ကြားခြင်းမရှိသော်လည်း နိုင်ငံ တကာကို တင်ပြရမည့် EITI အ စီရင်ခံစာတွင် အစိုးရက ကျောက် စိမ်းလုပ်ငန်းမှ ဝင်ငွေသည် အမေ ရိကန်ဒေါ်လာသန်း ၆၅၀ ရှိသည် ဟု မြန်မာ EITI အဖွဲ့က ယနေ့ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဆိုသည်။

Global Witness က ဖော်ပြ ထားသော ကျောက်စိမ်းလုပ်ငန်း တစ်ခုလုံး၏ လုပ်ငန်းတန်ဖိုး ၃၁ ဘီလီယံရှိသည့်အချက်ကို ဖြေ ကြားရာတွင် ယင်းငွေကြေးသည် လုပ်ငန်းတစ်ခုလုံး၏ ရငွေကို ဖော်ပြထားခြင်းဖြစ်ပြီး မြန်မာ EITI အဖွဲ့က တင်ပြထားသော ငွေကြေးနှင့် တူညီမှုမရှိကြောင်း ဖြေကြားခဲ့သည်။