တွင်းထွက်သယံဇာတရောင်းချမှုမှ တိုင်းပြည်ဝင်ငွေ ၄၀ ရာခိုင်နှုန်းခန့်ရရှိဟုဆို

တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရောင်းချမှုမှ ရရှိသည့် ဝင်ငွေသည် တိုင်းပြည် ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံရှာဖွေပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ပြောသည်။



‘‘နိုင်ငံတကာ EITI အဖွဲ့ကို တင်မယ်။ ၂၀၁၃-၂၀၁၄ ကို အ ခြေခံပြီး ရေးဆွဲထားတဲ့ အစီရင် ခံစာမှာ ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းက ၁၀၀ ရာခိုင်နှုန်း ပါပါတယ်။ ကျောက်မျက်က ၆၇ ရာခိုင်နှုန်း၊ သတ္တုက ၅၀ ရာခိုင် နှုန်းလောက်ပဲ ပါပါတယ်’’ ၎င်း ပြောသည်။

 တိုင်းပြည်ဝင်ငွေအမေရိ ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှာဖွေပေးသည့် တွင်းထွက်သယံ ဇာတလုပ်ငန်းကို သုံးပိုင်းခွဲတွက် ချက်ထားပြီး ရေနံနှင့် သဘာ၀ ဓာတ်ငွေ့မှ ရရှိငွေသည် ၂ ဒသမ၄ ဘီလီယံခန့်ရှိကြောင်း၊ ကျန်သည့် ငွေကြေးများသည် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းမှ ရရှိသည့်ငွေများဖြစ်ကြောင်း MEITI အဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဦးက ပြောသည်။



 ရေနံနှင့်သဘာဝဓာတ်ငွေ့ မှ ရရှိငွေကို ကုမ္ပဏီ ၁၀ ခုကို အခြေခံ၍ တွက်ချက်ထားပြီး ကျောက်မျက်ရတနာနှင့် သတ္တုတွင်းမှ ဝင်ငွေများသည် တွင်းထွက်ပစ္စည်းတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီ ၅၁ ခု ကို အခြေခံတွက်ချက်ထားခြင်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိသည့် ဝင်ငွေ ၂ ဒသမ ၄ ဘီလီယံရှိသည့်အနက် ၁ ဒသမ ၆ ဘီလီယံသည် နိုင်ငံပိုင်ရေနံလုပ်ငန်းနှင့်ကုမ္ပဏီများမှ ရရှိခြင်းဖြစ်သည်ဟုဒီဇင်ဘာ ၁၂ ၇က် UMFCCI ၌ကျင်းပပြုလုပ်သည့် EITI အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပမာဏသည် ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်ကို အခြေခံ တွက်ချက်ထားပြီး အဆိုပါအချက်အလက်များကို အစိုးရအကောင် အထည်ဖော်နေသော တွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ် သည် လုပ်ငန်းများ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအစီအရင် ခံစာ (MEITI) တွင် ထည့်သွင်း ဖော်ပြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ် သည့် လုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေးအစီရင်ခံ စာကို လာမည့် ၂၀၁၆ ဇန်နဝါရီ ၂ ရက်တွင် နိုင်ငံတကာ EITI အ ဖွဲ့ကို တင်ပြသွားမည်ဖြစ်သည်။ အစိုးရနှင့် ကုမ္ပဏီတို့ ရေးဆွဲထား သည့် အစီရင်ခံစာသည် တစ်ပတ် အတွင်း ပြီးစီးဖွယ်ရှိပြီး အဆိုပါအ စီရင်ခံစာကို ယခုလ၁၄ ရက်တွင် ကုမ္ပဏီ၊ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်း သုံးဖွဲ့ပါဝင်သော သုံးပွင့်ဆိုင်ညွန့်ပေါင်းအစိုးရအဖွဲ့ကတိုက်ဆိုင်စစ်ဆေးမည်ဖြစ်သည်။