EITI တွင် ဖော်ပြသည့် ကျောက်စိမ်းထုတ်လုပ်မှုဝင်ငွေ လုပ်ငန်းတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဟုဆို

 နိုင်ငံတကာသို့ ထုတ် ဖော်ပြသရန် ပြင်ဆင်နေသော မြန်မာ့တွင်းထွက်သယံဇာတတူး ဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာ စွာ အကောင်အထည်ဖော်ရေးအ စီရင်ခံစာ (EITI) တွင် ဖော်ပြထား သည့် ကျောက်စိမ်းထုတ်လုပ်မှုမှ ရရှိငွေသည် လုပ်ငန်းတစ်ခုလုံးကို ကိုယ်စားပြုမည်မဟုတ်ကြောင်း သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့က ဆို သည်။

ထို EITI အစီရင်ခံစာတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှု မှ မြန်မာနိုင်ငံက အသားတင်ရရှိ သည့် ငွေကြေးသည် အမေရိကန် ဒေါ်လာသန်း ၆၅၀ ကျော်ရှိသည်ဟုဖော်ပြခဲ့သည်။ အဆိုပါပမာဏ သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ကျောက်စိမ်းတွဲရောင်းချ မှု အများဆုံးရှိခဲ့သည့် ကုမ္ပဏီ ၃၀ ကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။

ဖားကန့်နှင့် လုံးခင်းဒေသ တွင် ကျောက်စိမ်းလုပ်ငန်း လုပ် ကိုင်နေသည့် ကုမ္ပဏီပေါင်း ၈၅၀ ရှိသည့်အနက် ကျောက်စိမ်းရောင်းချမှုများခဲ့သည့် ကုမ္ပဏီ ၃၀ကျော်မှ စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးထားသော ငွေပမာဏဖြစ်သည်။

‘‘ကျောက်စိမ်းပြပွဲမှာ ကုမ္ပ ဏီ ၇၂၀ ကျော် လာရောင်းပေ မယ့် ပိုရောင်းရတဲ့ ကုမ္ပဏီ ၃၀ ရဲ့ ပမာဏကိုပဲ တိုက်ဆိုင်စစ်ဆေးဖို့ ယူလိုက်တာပါ’’ ဟု မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဇော်အောင် က ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုမှ ရရှိငွေသည် ရှုပ် ထွေးမှုများရှိနေသောကြောင့် အ စိုးရငွေကို သေချာစိစစ်ရန် အ ခက်အခဲများရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာ ရေးဆွဲရာတွင် ပါဝင် ခဲ့သူများထံမှ သတင်းရရှိသည်။ရန်ကုန်မြို့ UMFCCI ကုန် သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး တွင် ဒီဇင်ဘာ ၇ ရက်က ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲ၌ သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့တွင်ပါဝင်သော ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အ ရပ်ဘက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်ခု လုံးမှ ရရှိသည့်ငွေကြေးကို ကိုယ် စားပြုနိုင်သော်လည်း ကျောက် စိမ်း လုပ်ငန်းမှ ရရှိငွေအားလုံးကို ကိုယ်စားမပြုကြောင်း တညီ တညွတ်တည်းဖြေကြားခဲ့သည်။

မြန်မာနိုင်ငံက ကိုယ်စားပြု တင်ရမည့် EITI အစီရင်ခံစာတွင် ကျောက်စိမ်းလုပ်ငန်းမှ ၆၅ ရာ ခိုင်နှုန်းခန့်သာ ပါဝင်မည်ဖြစ် သည်။ လုပ်ငန်းတစ်ခုလုံးမှ ရရှိ ငွေအားလုံးပါဝင်မည်မဟုတ်ပေ။ မကြာသေးမီက သဘာဝသယံဇာ တများ မလျော်မကန်ထုတ်ယူမှု များ၊ အကျင့်ပျက် ခြစားမှုများကို စုံစမ်းဖော်ထုတ်သည့် Gloal Witness အဖွဲ့ကြီးက ဖော်ထုတ် ထားသည့် မြန်မာနိုင်ငံ ကျောက် စိမ်းထုတ်လုပ်မှုလုပ်ငန်း၏ တန် ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ သန်းရှိပြီး အဆိုပါ ကိန်းဂဏန်း သည် အစိုးရကျန်းမာရေးအသုံး စရိတ်၏ ၄၆ ဆရှိသည်ဟု ဆို သည်။ တစ်နိုင်ငံလုံး၏ တရားဝင် အသားတင်ကုန်ထုတ်လုပ်မှုတန် ဖိုး GDP ၏ ၄၈ ရာခိုင်နှုန်းခန့်ရှိ သည်။ Global Witness က ဖော်ပြသည့် ကျောက်စိမ်းထုတ်လုပ် သည့် လုပ်ငန်း၏တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၁ သန်းနှင့် နိုင်ငံ တကာသို့ ချပြရန် ပြင်ဆင်နေ သည့် ကျောက်စိမ်းထုတ်လုပ်မှုမှ ရရှိငွေသည် အဆ ၅၀ ခန့်ကွာ ဟနေသည်။ ထိုသို့ ကွာဟနေခြင်း မှာ လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုး တွက်ချက်မှုနှင့် EITI အစီရင်ခံ စာတွင် ဖော်ပြထားသည့် တွက် ချက်မှု မတူညီခြင်းကြောင့်ဖြစ် ကြောင်း သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့က ရှင်းပြသည်။