မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ယူညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား လွှဲပြောင်းပေးခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့

မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) မှ တာဝန်ယူညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) သို့ ပထမအကြိမ် လုပ်ငန်း လွှဲပြောင်းခြင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အနှစ်ချုပ်ပြန်လည်ဆွေးနွေးခြင်းနှင့် လုပ်ငန်း ပူးတွဲလေ့လာလွှဲပြောင်း ဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် အွန်လိုင်းတစ်ဆင့် ဆောင်ရွက်ခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးမှုတွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက အဖွင့်မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းမန်နေဂျာကလည်း ညှိနှိုင်းဆွေးနွေးခြင်း၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်များအား အကျဉ်းချုပ်တင်ပြခဲ့သည်။

ထို့နောက်အစီအစဉ်အရ MOBD သို့ ၁၀-၉-၂၀၂၀ ရက်မှ ၁၇-၉-၂၀၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် လုပ်ငန်းလွှဲပြောင်း ခြင်းဆိုင်ရာကိစ္စရပ်များ MEITI လုပ်ငန်းစဉ် သဘောတရားများ၊ NCS ရုံးမှတာဝန်ယူညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့မှုနှင့် ပတ်သက်၍ အနှစ်ချုပ်ပြန်လည်ရှင်းလင်းခြင်း၊ MOBD မှ ပြန်လည်ဆွေးနွေးခြင်း၊၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ NCS နှင့် MOBD အကြားတာဝန်ခွဲဝေမှုဇယားကို NCS မှ တင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေး ခြင်း၊ MOBD မှ Team အလိုက် လွှဲပြောင်းယူ မည့် Focal Person များနှင့် ပတ်သက် ၍ ဆွေးနွေးညှိနှိုင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းယူမည့် အစီအစဉ်၊ နေ့ရက်နှင့်အချိန်ကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် MOBD မှ လုပ်ငန်းစဉ်အလိုက် သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ပြီး NCS မှ စီမံကိန်းမန်နေဂျာနှင့် သက်ဆိုင်ရာ Team အလိုက် တာဝန်ရှိသူများကလည်း ပြန်လည်မျှဝေဆွေးနွေးခဲ့သည်။

အဆိုပါညှိနှိုင်းဆွေးနွေးမှုတွင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်း ရေးမှူးရုံး (NCS) မှ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။