နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့ နံနက် (၉ : ၃၀) နာရီမှ (၁၂ : ၀၀) နာရီအထိ Online မှတစ်ဆင့်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား Project level reporting နှင့်ပတ်သက်၍ ဆွေးနွေးရန်Quasi-fiscal expenditure (QFE) Study နှင့် Systematic Disclosure Feasibility Study တို့အတွက် Consultant ငှားရမ်းရန် ရွေးချယ်ရေးလုပ်ငန်းစဉ်များအား ဆွေးနွေးရန် နှင့် (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာပြုစုရန် လုပ်ငန်းလမ်းညွှန် (IA ToR) အား အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့သည်။

အစည်းအဝေး၌ Project level reporting နှင့်ပတ်သက်၍ အခြား EITI နိုင်ငံများ၏ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ဥပဒေများပါပြဋ္ဌာန်းချက်များနှင့် အစီရင်ခံစာထုတ်ပြန်မှုများအား တင်ပြခဲ့ပြီး မြန်မာနိုင်ငံအတွက် ဆောင်ရွက်ရန်လျာထားလုပ်ငန်းအစီအစဉ်များအား မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်သူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် QFE Study Consultant ရွေးချယ်ခန့်အပ်ရွေးအတွက် လျှောက်ထားလာသည့် လျှောက်လွှာများအပေါ် အနှစ်ချုပ်တင်ပြခြင်းနှင့် (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက် MEITI အစီရင်ခံစာပြုစုရန် လုပ်ငန်းလမ်းညွှန်မူကြမ်း (IA ToR) တို့ကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးတင်ပြခဲ့သည့် Project Level Reporting Work Plan အား မျှဝေရန်နှင့် ၂၄-၈-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ သဘောထားမှတ်ချက် ပြန်ကြားပေးရန် အစည်းအဝေးဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၆) ချက်အား ဆွေးနွေးချမှတ်ကာ အစည်းအဝေးအား အောင်မြင်စွာကျင်းပခဲ့သည်။