(၃၀) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

 မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီမှ (၆း၀၀) နာရီအထိ Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား MEITI Restructuring and Organizational Development Project နှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေများအား Consultant ဖြစ်သူမှ ရှင်းလင်းတင်ပြရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် Consultant မှ MEITI Restructuring and Organizational Development Project ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ တွေ့ရှိချက်များ၊ အဆိုပြုဖွဲ့စည်းပုံများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောထားမှတ်ချက်များ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ဆွေးနွေးမှုများအပြီး၌ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာကျင်းပခဲ့သည်။

စည်းအဝေးတွင် Organizational Development Consultant မှ Final Report အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အစောပိုင်းထက်နောက်မကျပဲ တင်ပြရန် အပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက် (၁၄) ချက်အား ချမှတ်သဘောတူခဲ့ကြပါသည်။

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၃၀) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ Consultant ဖြစ်သူ Ms. Emma Irwin ၊ လေ့လာသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။