Mining Cadaster Phase II Evaluation ကော်မတီ အစည်းအဝေးကျင်းပ

Mining Cadaster Phase II Evaluation ကော်မတီအစည်းအဝေးအား Mining Cadaster Phase II Evaluation ကော်မတီ၊ MOBD World Bank နှင့် Spatial Dimension တို့ပါဝင်၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၇) ရက်နေ့ နေ့လည်ပိုင်း၌ Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၌ ကျင်းပခဲ့သည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၏ Mining Cadaster Working committee Mining Cadaster Sub-committee နှင့် Consultantတို့၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ အချိန်ကာလ သတ်မှတ်ချက်များ၊ သင်တန်းအစီအစဉ်အသေးစိတ်များနှင့် ရှေ့လာမည့် လုပ်ငန်းစဉ်များအတွက် အသေးစိတ်များအား အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ Mining Cadaster Phase II Evaluation ကော်မတီ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍစုံကိုယ်စားလှယ်များ၊ MOBD နှင့် ကမ္ဘာ့ဘဏ်တို့မှ တာဝန်ရှိသူများ၊ Consultant ဖြစ်သည့် Spatial Dimension နှင့် Local Partner ဖြစ်သည့် Valentis မှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။