စာချုပ်စာတမ်းပွင့်လင်း မြင်သာမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့

စာချုပ်စာတမ်းပွင့်လင်းမြင်သာမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့၌ Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့၌ ကျင်းပခဲ့သည့် MEITI ဒုတိယအကြိမ် စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency) ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ဆုံးဖြတ်ချက်အရ ထပ်မံကျင်းပခဲခြင်းဖြစ်သည်။ အစည်းအဝေး၌ EITI လုပ်ငန်းစဉ်အရ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာရေး (Contract Transparency) အတွက် ဆောင်ရွက်လျက်ရှိသည့် Contract Transparency သမ္မတရုံး အမိန့်ကြော်ငြာစာ (ဒုတိယမူကြမ်း) အား အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်‌တောဦးစီးဌာန နှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (SEE) တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန နှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များနှင့် အရပ်ဘက်ကဏ္ဍ တာဝန်ရှိသူများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ ကုမ္ပဏီများမှ လေ့လာသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ Contract Transparency သမ္မတရုံး အမိန့်ကြော်ငြာစာ (ဒုတိယမူကြမ်း) အား ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် သဘောတူညီခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၉) ချက်အား ဆွေးနွေးချမှတ်ခဲ့ကြသည်။