လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေး ကျင်းပခဲ့

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၇) ရက်နေ့၌ Online မှ တစ်ဆင့်ကျင်းပခဲ့သည်။

အစည်းအဝေး၌ MEITI Organizational Development Consultant ဖြစ်သည့် Ms. Emma Irwin မှ  ဖွဲ့စည်းပုံအသစ်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့် စီမံကိန်းအကြောင်းအရာများ မိတ်ဆက်တင်ပြခြင်း၊ စီမံကိန်းကာလ၊ လုပ်ငန်းနယ်ပယ်နှင့် အဆိုပြုတွေ့ဆုံလိုသည့် အဖွဲ့အစည်းများ/ပုဂ္ဂိုလ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင်လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ၏ ကိုယ်စား Organizational Development Consultant နှင့် ပုံမှန်အဓိကချိတ်ဆက်ဆောင်ရွက်ရန် key group ဖွဲ့စည်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များချမှတ်ခြင်းအပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၇) ခု ချမှတ်အတည်ပြုခဲ့သည်။

အစည်းအဝေးသို့ လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ MOBD မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။