ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပခဲ့

ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံ‌ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့၌  Online မှတစ်ဆင့်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ မြန်မာ EITI ဝက်ဘ်ဆိုဒ်စာမျက်နှာအတွက် သက်တမ်းတိုးမြှင့်ဆောင်ရွက်ရန်အတွက် MEITI Website Developer ဖြစ်သည့် Inspiral ကုမ္ပဏီမှ Contract Extension ပြုလုပ်ရာတွင် ပါဝင်သည့် ဝန်ဆောင်မှုများအား ရှင်းလင်းတင်ပြခြင်း၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းဆွေး နွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် သက်တမ်းတိုးမည့်    MEITI Website  အတွက် ယခင် quotation ပါ လစဉ် support service (၁) နာရီအစား လစဉ် support service (၂) နာရီအထိ တိုးမြှင့်‌ပေးရန်ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက် (၅) ချက်အား ဆွေးနွေးချမှတ်ခဲ့သည်။