(၁၀) ကြိမ်မြောက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၁၀) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်နေ့၌ online မှတစ်ဆင့်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် (၉) ကြိမ်မြောက် BO Taskforce အစည်းအဝေး၏ ဆုံးဖြတ်ချက်များဆောင်ရွက်ထားရှိမှု အခြေအနေ၊ လက်ရှိ ဆောင်ရွက်ဆဲအခြေအနေများနှင့် အကြံပေးဖြစ်သည့်

Charlotte Boyer ၏ အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ BO Website အတွက် ရွေးချယ်ထားသည့် Web Developer ကုမ္ပဏီမှ Website design မူကြမ်းများ၊ project

management plan နှင့် အချိန်ဇယားအား ရှင်းလင်းခြင်း၊ Website Development ကိစ္စရပ်များနှင့်ပတ်သက်၍ အပတ်စဉ် ဆွေးနွေးရန်အတွက် ပါဝင်မည့် BO Taskforce member များ

အမည်စာရင်းပေးသွင်းခြင်းကိစ္စရပ်များအား အဓိကထား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ BO Phase II Project timeline အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရန်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၁၁) ချက်အား

ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု‌ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် ကဏ္ဍစုံကိုယ်စားလှယ်များ၊ MOBD နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊

ဖွံ့ဖြိုး‌ရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ စုစုပေါင်း တက်ရောက်သူ (၄၆) ဦး ရှိခဲ့သည်။