(၂၈) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

(၂၈) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၅) ရက်နေ့၊ နေ့လည် (၁) နာရီမှ ညနေ (၆) နာရီအထိ Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရကဏ္ဍ၊ လုပ်ငန်းရှင်ကဏ္ဍနှင့် အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်း‌ဆောင်ရွက်ရေးအဖွဲ့ နာယက၊  မန္တလေးဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်‌ရေးအဖွဲ့ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးများ၊ တနင်္သာရီတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်‌ရေးအဖွဲ့ အတွင်းရေးအမှူးအဖွဲ့ဝင် သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့် လုပ်ငန်းရှင်ကဏ္ဍနှင့်အရပ်ဘက်ကဏ္ဍအတွင်းရေးမှူးများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှ

တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ပထမဦးစွာ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးမှလည်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် (၂၇) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ပြီးစီးမှုအခြေအနေများ၊ ပဉ္စမအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၊ တတိယ အကြိမ်နှင့် စတုတ္ထအကြိမ်သစ်တောကဏ္ဍအစီရင်ခံစာ ထုတ်ပြန်ခဲ့မှုအခြေအနေအကျဉ်းချုပ်၊ ထွက်ရှိပြီးဖြစ်သော ပထမအကြိမ်မှပဉ္စမအကြိမ် MEITI အစီရင်ခံစာများအား နှိုင်းယှဥ်ချက်ပြုစုရန်အခြေအနေများ၊ Commodity Trading Report နှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေများ၊ (၆) ကြိမ်မြောက်အစီရင်ခံစာ (Uniliteral)  ထုတ်ပြန်မှုဆိုင်ရာအခြေအနေများ၊ (၆) ကြိမ်မြောက်နှင့် (၇) ကြိမ်မြောက်အစီရင်ခံစာ ထုတ်ပြန်မှု

နှင့်ပတ်သက်၍ IA ToR ပြင်ဆင်ခြင်း၊ ဘဏ္ဍာငွေဆိုင်ရာ လိုအပ်ချက်၊ Timeline နှင့်ပတ်သက်သည့်အခြေအနေများ၊ MEITI Work Plan and Budget (3.5 million) ၊ MEITI Long Term  Work Plan နှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အချို့အတွက် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းများမှ ဘဏ္ဍာငွေထောက်ပံ့ထားမှု အခြေအနေများ၊ MDTF ပြင်ပအခြား Development Partner များမှ ဘဏ္ဍာငွေထောက်ပံ့ရယူခြင်းအတွက် Procurement Procedure များ၊ NCS နှင့်ပတ်သက်သည့် စာရင်းစစ်အစီရင်ခံစာနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ ပုလဲကဏ္ဍမှ မြန်မာတာဆာကီကုမ္ပဏီ၏ လုပ်ဆောင်နေမှုများနှင့်ပတ်သက်သည့် အခြေအနေများ၊ Validation လုပ်ငန်းစဉ်နှင့်ပတ်သက်သော Corrective Action (၁၂) ချက်နှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှု၊  Contract Transparency လုပ်ငန်းစဉ်ဆောင်ရွက်မှုနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများ၊ သမ္မတရုံးအမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒုတိယအကြိမ် BO အချက်အလက်များ ဖွင့်ဟ ဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ် များ၊ MSG ထံသို့တင်ပြသဘောထားမှတ်ချက် တောင်းခံ ထားသော BO Phase II Web Developer ကိစ္စရပ်များ၊ IMF Proposal ကိစ္စရပ်များ၊ Organizational Structure Development  Consultant ငှားရမ်းမှုနှင့်ပတ်သက် သည့် တိုးတက်မှုများ၊ Mining Cadastere

လုပ်ငန်းစဉ်နောက်ဆုံးအခြေအနေများ၊ ဖွဲ့စည်းပြီးဖြစ်သော SNU များ၏ လုပ်ငန်းစဉ် ဆောင်ရွက်ချက်အနှစ်ချုပ်များအား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်အတည်ပြုခဲ့ကြပြီး သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့

ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားခဲ့သည်။