ကချင်ပြည်နယ်အဆင့် EITI လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(SNU) ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးအား ကချင်ပြည်နယ်သတ္တု တွင်းဦးစီးဌာန၌ကျင်းပ

အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊သယံဇာတနှင့်သဘာဝထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးဦးဒါရှီလဆိုင်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားပါသည်။

 ဆက်လက်ပြီး  တက်ရောက်လာသည့်သုံးပွင့်ဆိုင်ကိုယ်စားလှယ်များမှတစ်ဦးချင်းမိတ်ဆက်ကာ၊အစိုးရကဏ္ဍ အတွင်းရေးမှုး သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှုးဦးစောယု၊အရပ်ဖက်အဖွဲ့အစည်းကဏ္ဍအတွင်းရေးမှုး၊CHAD ဒါရိုက်တာဦးပီတာမျိုးအောင်၊ပုဂ္ဂလိကကဏ္ဍအတွင်းရေးမှုး ဦးစိုင်းအုန်းရွှေ ၊ကချင်ပြည်နယ်သတ္တုလုပ်ငန်းရှင်များအသင်းအတွင်းရေးမှုးတို့မှ ကဏ္ဍအလိုက် ပွင့်လင်းမြင်သာစွာညှိနှိုင်းဆွေးနွေးကြပါသည်။

  ဆက်လက်ပြီးတက်ရောက်လာသည့် ကဏ္ဍအသီးသီးမှကိုယ်စားလှယ်များမှအကြံပြု ဆွေးနွေးခဲ့ကြပြီး ကချင်ပြည် SNU လုပ်ငနိးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့အနေဖြင့်အဓိကလုပ်ငန်းစဉ်(၄)ရပ်ဖြစ်သည့်...ညှိနိုှင်းပူးပေါင်းဆောင်ရွက်ခြင်း(Coordination) ၊လုပ်ငန်းစီမံခန့်ခွဲမှု(Task Mangement)၊စွမ်းဆောင်ရည်မြင့်တင်ခြင်း(Capacity Building)၊ကွန်ယက်ချိတ်ဆက်ဆောက်ရွက်ခြင်း၊(Networking and Communlcation) အပေါ်တင်ပြဆွေးနွေးကြပြီး SNU အရပ်ဖက်အဖွဲ့အစည်းမှတင်ပြသည့် အချက်(၁၀)ချက်အား ဇွန်လနောက်ဆုံးအပတ်တွင် ကျင်းပသည့် အစည်းအဝေး တွင်ဆွေးနွေးရန် အတည်ပြုပြီး ဝန်ကြီးမှ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ အားနောက်ကျင်းပမည့်အစည်းအဝေး တွင်ချမှတ်နိုင်ရန်လမ်းညွှန်မှာကြားပြီးအခမ်းအနားအားရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ သယံဇာတဝန်ကြီး၊ ဦးဒါရှီလဆိုင်း၊ လေ့လာတက်ရောက်သူ ဦးတင်ဦးယု ဥက္ကဌ စီမံ. ဘဏ္ဍာ/ပြည်သူ့ငွေစာရင်းကော်မတီ၊ ပြည်နယ်လွှတ်တော်၊ဦးနေဝင်း အဖွဲ့ဝင်၊ စီးပွားလူမှုကော်မတီ၊ပြည်နယ်လွတ်တော်၊ အစိုးရကဏ္ဍကိယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ကြောင်း

သိရှိရပါသည်။

ကချင်ပြည်နယ်သတ္တုလုပ်ငန်းရှင်များအသင်း

3.6.2020