(၉) ကြိမ်မြောက် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအား Online မှတစ်ဆင့် ကျင်းပခဲ့

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၉) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်နေ့၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်၏ ဒုတိယအကြိမ် BO ဆိုင်ရာအချက်အလက်များထုတ်ပြန်နိုင်ရန်နှင့်ပတ်သက်၍ ဆွေးနွေးရန်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ထိုအစည်းအဝေးတွင် ဒုတိယအကြိမ် BO ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်နိုင်ရန်အတွက် လိုအပ်သော Web Developer ငှားရမ်းခြင်း နှင့် ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ စသည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်မည့်

လုပ်ငန်းစဉ်များအားတင်ပြခြင်း စသည် ဖြင့် ဆွေးနွေးခဲ့ကြပြီး Web Developer ရွေးချယ်ရာတွင်ပါဝင်မည့် ရွေးချယ်ရေးလုပ်ငန်းအဖွဲ့သတ်မှတ် ခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ သတ်မှတ်ခြင်းဖြင့် ဆုံးဖြတ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့မှ  ကဏ္ဍစုံကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ( MOBD) ၊  ဖွံ့ဖြိုး‌ရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများစသဖြင့် (၃၄) ဦးခန့် ပူးပေါင်း တက်ရောက်ခဲ့ကြသည်။