နည်းပညာနှင့် အစီရင်ခံစာလုပ်ငန်းခွဲကော်မတီ အစည်းအဝေးအား Online မှတစ်ဆင့် ကျင်းပခဲ့

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့၌ Skype ဖြင့်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ထုတ်ပြန်ပီးဖြစ်သော ပဉ္စမကြိမ်မြောက် MEITI အစီရင်ခံစာ၊

တတိယနှင့်စတုတ္ထအကြိမ်မြောက် MEITI သစ်တောအစီရင်ခံစာများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ Vvalidation Group လုပ်ငန်းစဉ်အရ Corrective Action များ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများအား

ဆွေးနွေးတင်ပြဆွေးနွေးခြင်း၊ Mining Cadaster Inception Report ၊ Weekly Report များနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ ဆွေးနွေးတင်ပြခြင်း ၊စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှုအစည်းအဝေးနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများ ဆွေးနွေးတင်ပြဆွေးနွေးခြင်း၊ ပထမအကြိမ် မြန်မာနိုင်ငံ EITI Commodity Trading Report ထွက်ရှိနိုင်ရန် အတွက် အချက်အလက်များရရှိမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများအား ဆွေးနွေးခြင်း ၊ ဆဋ္ဌမအကြိမ်မြောက်အစီရင်ခံစာအတွက်

Summary Data Template အား ရှင်းလင်းတင်ပြခြင်း၊ Beneficial Ownership Phase (II)  အတွက် Web Developer ငှားရမ်းခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ Organizational Development

Consultant ငှားရမ်းခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ ဆွေးနွေးတင်ပြဆွေးနွေးခြင်း၊ ပူးပေါင်းထုတ်ပြန်မည့် ဆဋ္ဌမနှင့်သတ္တမအကြိမ် MEITI  အစီရင်ခံစာများအတွက် ဘဏ္ဍာငွေဆိုင်ရာကိစ္စရပ်များဆွေးနွေးခြင်း၊

ဆဋ္ဌမအကြိမ်အစီရင်ခံစာထုတ်ပြန်နိုင်ရန်အတွက် Summary Data ဘဏ္ဍာငွေဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အခြေအနေများအား ဆွေးနွေးခြင်းစသည့်ဖြင့်ဆွေးနွေးခဲ့ကြပြီး ယင်းလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များအားဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှတာဝန်ရှိသူများစသဖြင့် (၃၄) ဦး ပါဝင်

တက်ရောက်ခဲ့သည်။