Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား Online မှတစ်ဆင့် ကျင်းပခဲ့

Mining Cadaster လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား  ၂၀၂၀ ပြည့်နှစ်၊  မေလ (၂၂) ရက်နေ့၌ online ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား Mining Cadaster Phase II Consultant  မှတင်ပြထားသည့် Draft Inception Report အား အသေးစိတ်ဆွေးနွေးရန်၊ Draft Inception Report အပေါ် သဘောထားမှတ်ချက်များအား တင်ပြဆွေးနွေးရန်နှင့် Mining Cadaster  Phase II  လုပ်ငန်းစဉ်အတွက် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ Mining Cadaster လုပ်ငန်းခွဲကော်မတီများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) နှင့် ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  EITI  ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ  EITI  သည် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအနက်  Mining Cadaster Phase II  လုပ်ငန်းစဉ်အား အကောင်အထည်ဖော်လျက်ရှိပါသည်။