COVID-19 ကာလအတွင်း မြန်မာနိုင်ငံ EITI (MEITI) လုပ်ငန်းစဉ်များအား ဧပြီလအတွင်းနှင့် မေလပထမအပတ်အတွင်း အစည်းအဝေးများအား Online မှတစ်ဆင့် ကျင်းပနိုင်ခဲ့

COVID-19 အခြေအနေများအကြား မြန်မာနိုင်ငံ EITI (MEITI) လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည် ဖော်နိုင်စေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းနှင့် မေလပထမအပတ်အတွင်း အစည်းအဝေးများအား Online မှတစ်ဆင့် ကျင်းပနိုင်ခဲ့ပါသည်။

  • မြန်မာနိုင်ငံ EITI Post Validation လုပ်ငန်းစဥ်များဖြစ်သည့် Corrective Action (၁၂) ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ပထမအကြိမ် Validation Group  အစည်းအဝေးအား ဧပြီလ (၈) ရက်နေ့တွင် လည်းကောင်း၊
  • မြန်မာနိုင်ငံ EITI လုပ်ငန်းစဥ်များ၊ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် EITI လုပ်ငန်းစဥ်များအတွက် ဘဏ္ဍာငွေရရှိသုံးစွဲမှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းနိုင်ရန် တတိယအကြိမ်  Donor Consultation Group အစည်းအဝေးအား ဧပြီလ (၂၀) ရက်နေ့တွင် လည်းကောင်း၊   
  • အကောင်အထည်ဖော်ဆောင်နေဆဲနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့် MEITI လုပ်ငန်းစဥ်များအား ဆွေးနွေးနိုင်ပါရန် နဝမအကြိမ် MEITI ဦးဆောင်ကော်မတီ အစည်းအဝေးအား ဧပြီလ (၂၂) ရက်နေ့တွင် လည်းကောင်း၊
  • လက်ရှိအကောင်အထည်ဖော်လျက်ရှိသော Mining Cadastre Phase (2) လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်မှု နောက်ဆုံးအခြေအနေများအား ရှင်းလင်းတင်ပြနိုင်ရန် နှင့်ပတ်သက်၍  Mining Cadaster Sub-Committee အစည်းအဝေးအား မေလ (၄) ရက်နေ့တွင် Mining Cadaster Phase (2) Consultant နှင့်ပူးပေါင်း၍ လည်းကောင်း  စသည့်ဖော်ပြပါ အစည်းအဝေးများအား Online Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။