သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ဇန်နဝါရီလဆန်းတွင် ထုတ်ပြန်မည်

တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများတွင်အခွန်ပေးဆောင်မှုကဲ့သို့ သောဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာ မှုရှိရေးအတွက် ဆောင်ရွက်မှု အစီရင်ခံစာ ကို ၂၀၁၆ 

ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အပြီးသတ် ထုတ်ပြန်မည်ဖြစ်ကြောင်း MEITI ဖော်ဆောင်မှုဆိုင်ရာညွန့်ပေါင်းအဖွဲ့တာဝန်ရှိသူများက ဒီဇင်ဘာလ ရရက်နေ့က ပြုလုပ် သည့် လုပ်ငန်းပိုင်း

ဆိုင်ရာရှင်းလင်းပွဲတွင် ပြောသည်။

"မြန်မာနိုင်ငံအနေနဲ့ တွင်းထွက်သယံ ဇာတလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဆောင်ရွက်ချိန် တစ်နှစ် ကျော်ကာလအတွင်း သုံးပွင့်ဆိုင်အဖွဲ့ညွှန့် ပေါင်းအဖွဲ့ဖွဲ့ပြီး 

ပူးပေါင်းလုပ်ဆောင်ခဲ့တာ အခုဆို အပြီးသတ် လုပ်နိုင်ခဲ့ပါပြီ။ ဒီအစီရင် ခံစာကို အခု မူကြမ်းရေးဆွဲနေပြီ။ အပြီး သတ်အစီရင်ခံစာကို ခရစ္စမတ်ကာလမတိုင် ခင် အပြီးသတ်လုပ်ဆောင်သွားမှာပါ။ 

ပြီးရင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ နိုင်ငံ တကာ EITI အဖွဲ့ကို အပြီးသတ်တင်ပြပြီးပြည်သူ လူထုလည်း အပြီးသတ်အစီရင်ခံစာ ထုတ်ပြန် ပေးသွားမှာပါ။ ဒါကိုသာ အဖွဲ့ဝင်နိုင်ငံ

အဖြစ် လုပ်ဆောင်နိုင်ခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ သယံဇာတကျိန်စာသင့်မှုတွေကနေကျော်ဖြတ်နိုင်မှာပါ" ဟု ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာမောင်

မောင်သိမ်းက ပြောသည်။

မြန်မာနိုင်ငံ၏အစီရင်ခံစာကို အစိုးရဌာန များကထုတ်ပြန်သော ကိန်းဂဏန်းအချက် အလက်များနှင့် ကုမ္ပဏီများက ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များ ကိုက်ညီမှုရှိ စေရန်

အစိုးရဌာနများက ရာခိုင်နှုန်းပြည့်နှင့် ကုမ္ပဏီများဘက်က ၉၅ ရာခိုင်နှုန်းခန့် ပူးပေါင်း ပါ၀င်ခဲ့ပြီး၊ နိုင်ငံတကာစာရင်းနှင့်အတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် Moore Stephens က

တိုက်ဆိုင်စစ်ဆေးထားသည်။ အစီအရင်ခံစာတွင် ဖော်ပြရန် သယံဇာတ အသုံးချလုပ်ငန်းများအတွက် နယ်ပယ် သတ်မှတ်ရာ၌ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် ကို အခြေခံတွက်ချက်ထားသည်ဟု

ဆိုသည်။

အစီရင်ခံစာတွင် ဖော်ပြမည့် သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်များတွင်ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အခွန် ၁၀၀ ရာခိုင်နှုန်း ပေးဆောင်မှုကို ကိုယ်စားပြုသော

ကုမ္ပဏီ ၁၃ ခု၊ ကျောက်မျက် ကဏ္ဍအတွက် အခွန် ၆၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသောကျောက်မျက်ကုမ္ပဏီ ၃၀ ခု နှင့် သတ္တုကဏ္ဍအတွက်အခွန် ၅၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော

ကုမ္ပဏီ ၁၁ ခုတို့ပါ၀င် သည်။ သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုအစီရင်ခံစာတွင် အထက်ပါကဏ္ဍများအပြင် စွမ်းအင် ၀န်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် 

သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်း ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့သတ္တုတွင်း လုပ်ငန်း (၁)၊ (၂)၊ (၃)နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဘဏ္ဍာ ရေးဝန်ကြီးဌာန

လက်အောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

လက်အောက် ရှိ သစ်တောဦးစီးဌာနတို့ကိုလည်း ပါ၀င်သည် ဟု သိရသည်။

မြန်မာနိုင်ငံသည် EITI အစီရင်ခံစာတွင် ကျောက်မျက်ကဏ္ဍကို ပထမဆုံးထည့်သွင်းဖော်ပြနိုင်ခဲ့သည့်နိုင်ငံဖြစ်ပြီး၊ အခြားသော တွင်းထွက်သယံဇာတမဟုတ်သည့် သစ်တော ကဏ္ဍကိုလည်း

ဒုတိယအကြိမ်တင်သွင်းသည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားရန် ရည်ရွယ်ထားကြောင်းသစ်တောရေးရာဝန်ကြီး ဌာနမှ၊ သစ်တောရေးရာဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ

ညီညီကျော်က ပြောသည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် နိုင်ငံတကာ EITI ဘုတ်အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအား အဖွဲ့ဝင် နိုင်ငံလောင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက်

မြန်မာ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် သတ်မှတ်ကာလ နှစ်နှစ်ခွဲကာလအတွင်းသယံဇာတပွင့်လင်းမြင်သာရေးဆောင်ရွက်မှု (MEITI) အစီရင်ခံစာ နှစ်စောင် ရေးဆွဲထုတ်

ပြန်ရမည်ဖြစ်ပြီး ယခုပထမအကြိမ်အစီ ရင်ခံစာကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးသတ် ရေးဆွဲထုတ်ပြန်ရမည်ဖြစ်ပြီး ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၁၇ ခုနှစ် 

ပထမပတ်အတွင်း ထပ်မံတင်သွင်းရမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် EITI အစီရင်ခံစာထုတ်ပြန်နိုင်တော့မည်ဖြစ်သော်လည်း အာဏာရှင်စနစ်အုပ်ချုပ်မှု၏ အမွေဆိုးကို

လက်ရှိအစိုးရမှာ ရင်ဆိုင်ကြံုတွေ့နေရပြီး လုပ်ငန်းဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှုနှင့် စီမံခန့်ခွဲမှုများအားနည်းလျက်ရှိနေသေးသည်ဟု သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ၀င်တစ်ဦးဖြစ်သူက

ဒေါက်တာကျော်သူက ပြောသည်။

"ဘယ်လောက်ရောင်းလို့ ဘယ်လောက်ရ တယ်ဆိုတာ အတိအကျမသိရဘူ။ လောလောဆယ်ပိုင်ဆိုင်မှုတွေက ဥပဒေကြောင်းအရ ပိုင်ဆိုင်မှုတွေပဲ ရှိသေးတယ်။ ပြင်ပက

အကျိုးအမြတ်ရမယ့် ပိုင်ဆိုင်မှုကိစ္စတွေလည်း ရှိသေးတယ်။ လက်ရှိ အစိုးရက ဒီစနစ်တွေကနေ ရုန်းထွက်ချင်နေတာ တွေ့ရတယ်။ အဲဒီမှာ ပွင့်လင်းမြင်သာမှု၊ 

တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အားနည်းနေသေးတာတွေ ရှိတယ်။ ဒါတွေကို အကောင်းဆုံးညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွားရမယ်"ဟုလည်း ၎င်းကဆိုသည်။ အခွန်

ဘဏ္ဍာငွေအချိုးအစားသည် EITI နယ်ပယ်သတ်မှတ်ချက်တွင် ပါ၀င်မှုမရှိသော်လည်း အရပ်ဘက်လူမှုအဖွဲ့ကိုယ်စားလှယ်များ ၏ တောင်းဆိုမှုအရ အထူးအစီအစဉ်ဖြင့် သတ္တု

တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီသုံးခုကို ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်ပြီး EITI စံနှုန်းအရ မဖြစ်မနေ ဖော်ပြရမည်မဟုတ်သော်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ် 

တန်းမှုလုပ်ငန်းမှ ကောက်ခံရရှိသော အခွန်၊ အခများကိုလည်း သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ဆုံးဖြတ်ချက်အရ အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် ပါရှိသော မြင်သာမှု အခြေအနေနှင့် ပတ်သက်၍ အရပ် ဘက် လူမှုအဖွဲ့အစည်းများအကြား မြန်မာ နိုင်ငံသည် EITI အဖွဲ့ဝင်ဖြစ်လာရေး၊ မဖြစ် လာရေး

အငြင်းပွားနေဆဲဖြစ်ပြီး၊ တွင်းထွက် သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၏ နောက်ဆက်တွဲပြဿနာများကို ဖြေရှင်းရန် လိုအပ်နေသေးဆဲဖြစ်သည်။

"အဓိကစိုးရိမ်မိတာက Global Witness ရဲ့ အစီရင်ခံစာနဲ့ အစိုးရရဲ့ထုတ်ပြန်ချက်က ကွဲလွဲနေတာမျိုးတွေ တွေ့ရတယ်။ မကြာခင် ဒီအစီရင်ခံစာတွေ ဒေသခံ လူထုလက်ထဲချပြပြီး ရောက်

လာတော့မှာ။ အစိုးရအနေနဲ့ရော အရပ်ဘက်အဖွဲ့အနေနဲ့ရော ပေါင်းစပ်လုပ်ကိုင်ပေးဖို့ လိုအပ်တယ်။ ဒီအစီရင်ခံစာကို လူထုက မကျေနပ်ရင်ကော ပါ၀င်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ

ဘယ်လိုလုပ်မလဲ။ သူတို့က ပြည်သူကို ကိုယ်စားပြုပြီး လက်မှတ် ထိုးပေးကြရမှာ။ လူထုက အမြင်မှားမှာ အရမ်း ကြောက်ရတယ်။ ဒါတွေလုပ်လာလို့ အကောင်း ဘက်ကကြည့်ရင် လူထု

အတွက် ပိုမိုသိရှိပိုင် ခွင့် လုပ်ပိုင်ခွင့်တွေ ရလာနိုင်မယ်။ EITI အဖွဲ့ဝင်နိုင်ငံဖြစ်လာရင်တော့နိုင်ငံအတွက် ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းစဉ် ဖြစ်လာလိမ့် မယ် ထင်တယ်"ဟု ရှမ်းပြည်နယ်

အခြေစိုက် ဘက်စုံဖွံ့ဖြိုးရေးအမှုဆောင်အဖွဲ့ဝင် ဦးဇော်ထွန်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးပြည့်စုံသော အစီရင်ခံစာနှစ်စောင် တင်သွင်းပြီးသည့်အခါ လိုအပ်ချက်များပြည့်မီကြောင်း နိုင်ငံတကာ EITI အဖွဲ့က စစ်ဆေးအတည်ပြုပြီးပါက ၂၀၁၇ ခုနှစ်၊

နှစ်လယ်ပိုင်းတွင်စံနှုန်း ပြည့်မီသော အဖွဲ့ဝင်နိုင်ငံ(Compliant Country) အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည်။