မြန်မာနိုင်ငံEITI ၏ ဆက်လက်ဆောင်ရွက်မည့် အချို့သောလုပ်ငန်းစဉ်များ

ယခုထွက်ရှိပြီးဖြစ်သော မြန်မာနိုင်ငံအီးအိုင်တီအိုင် (၂)  နှစ်စာ အစီရင်ခံစာများကို အနှစ်ချုပ်အစီ ရင်ခံစာများအဖြစ် ထုတ်နုတ်ခြင်း၊ info-graphic sheets များ နှင့် သတင်းဆောင်းပါး (newsletter) များ ထုတ်ဝေခြင်း စသည့် ပြည်သူများနားလည်လွယ်ပြီး ဖတ်ရှုှု့ရလွယ်ကူစေရန် ဖန်တီးထုတ်ဝေ မှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုအစီရင်ခံစာများ ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲများ၊ အစီရင်ခံစာ ထုတ်ပြန်သည့် မိတ်ဆက်အခမ်း အနား များလည်း ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။ ထို့အပြင် EITI စံနှုန်း ၂၀၁၆ (EITI Standard 2016) တွင် ဖော်ပြပါရှိသော ပွင့်လင်းသော အချက်အလက်မူဝါဒ (Open Data Policy) ထွက်ရှိလာရေးအတွက် ကြိုး စားဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသည် EITI တင်းပြည့်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာရန် ဆန်းစစ်လေ့လာအတည်ပြုခြင်း (validation process) လုပ်ငန်းစဉ်အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။