မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ဘဏ္ဍာနှစ် ၂ နှစ်စာ ပါဝင်သော ဒုတိယအကြိမ်အစီရင်ခံစာများအား အများပြည်သူသိရှိနိုင်ရန်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတုူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ပွင့် လင်းမြင်သာမှုဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiatives - MEITI) လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ၂၀၁၄-၁၅ ခုနှစ် နှင့် ၂၀၁၅-၁၆ ခုနှစ် ဘဏ္ဍာနှစ် ၂ နှစ်စာပါဝင်သည့် ဒုတိယအကြိမ်အစီရင်ခံစာများကို ၂၀၁၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံ EITI ဝက်ဘ်ဆိုဒ် (http://www.myanmareiti.org) ၌ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ (MEITI-MSG) ၏ အတည်ပြုဆုံးဖြတ်ချက်နှင့်အညီ အများပြည်သူလေ့လာဖတ်ရှု့နိုင်ရန်အလို့ငှာ ထုတ်ပြန်ထားပါသည်။ သစ်တောနှင့်ပတ်သက်သော EITI အစီရင်ခံစာကိုလည်း ၂၀၁၈ ခုနှစ် မေလကုန်တွင် အပြီးသတ် ထွက်ရှိ လာမည်ဖြစ်ကြောင်း အသိပေး သတင်းပါးအပ်ပါသည်။ မြန်မာနိုင်ငံ အီးအိုင်တီအိုင် (၂)နှစ်စာ အစီရင်ခံစာ များအား အောက်ပါလင့််ခ်များတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Links;

http://www.myanmareiti.org/…/meiti-reconciliation-report-20…

http://www.myanmareiti.org/…/meiti-reconciliation-report-20…