ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2020-02-25

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့၌ မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူးရုံး၊ ရန်ကုန်တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ BO Disclosure Press Conference နှင့်ပတ်သက်၍ စီစဉ်ထားမှုများ ၊   စတုတ္ထအကြိမ် MEITI အစီရင်ခံစာထုတ်ပြန်ကြေညာခြင်းအခမ်းအနား အစီအစဉ်များ၊ ကချင်ပြည်နယ် SNU ဖွဲ့စည်းခဲ့မှုနှင့်ပတ်သက်၍ တွေ့ရှိချက်များနှင့်လက်ရှိအခြေအနေများ၊ နောင်ဖွဲ့စည်းမည့် SNU များအတွက် ရန်ပုံငွေပံ့ပိုးမှုအခြေအနေများ၊ ဖွဲ့စည်းပြီး SNU များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်  နှစ်စဉ်တိုးတက်မှုအစီရင်ခံစာ (Annual Progress Report) ပြုစုခြင်းတို့ အား ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေးလုပ်ငန်းခွဲကော်မတီ အစိုးရကဏ္ဍ၊ လုပ်ငန်းရှင်ကဏ္ဍနှင့် အရပ်ဘက်ကိုယ်စားလှယ်များ၊ MOBD  ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူးရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်အဝေး၌ စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာထုတ်ပြန် ကြေညာခြင်း အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ တတိယအပတ်အတွင်း နောက်ဆုံးထား၍  ရန်ကုန်တွင် ကျင်းပရန်၊ နောင် SNU  ဖွဲ့စည်းရာတွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ် SNU များအား ဦးစားပေးဖွဲ့စည်းရန်၊ Annual Progress Report (၂၀၁၉-၂၀၂၀)  အတွက် Workshop  တစ်ခုအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တတိယ အပတ်တွင် MSG နှင့် သက်ဆိုင်ရာ Stakeholder များပါဝင်၍ ကျင်းပရန် အစရှိသည့်  ဆုံးဖြတ်ချက်များ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။