ကချင်ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြီးစီး

2020-02-17

ကချင်ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲအား မြစ်ကြီးနားမြို့၊ CARTEL Hotel တွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲအား မြစ်ကြီးနားမြို့၊ CARTEL Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်ရှိ သတ္တုလုပ်ငန်းရှင်များအသင်း၊ ကျောက်မျက် လုပ်ငန်းရှင်များအသင်းများ၊ သစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများက EITI စံနှုန်း၊ မြန်မာနိုင်ငံ EITI သမိုင်းကြောင်း၊ လက်ရှိ EITI အကောင်အထည်ဖော်ဆောင်မှုများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု၊ Validation လုပ်ငန်းစဉ်၊ SNU ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များအား မိတ်ဆက်ရှင်းလင်းတင်ပြခဲ့သည်။ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရ အခန်းကဏ္ဍအား အစိုးရကိုယ်စားလှယ်ဖြစ်သည့် သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်မှ EITI လုပ်ငန်းစဉ်တွင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်မှုများ အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အရပ်ဘက်ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်မိုးမိုးထွန်းမှ EITI စံနှုန်းနှင့် အရပ်ဘက်ကဏ္ဍ၏ အခန်းကဏ္ဍအား ချိတ်ဆက်တင်ပြခဲ့ပြီး လုပ်ငန်းရှင်ကိုယ်စားလှယ်ဖြစ်သည့် မြန်မာနိုင်ငံသစ်တောထွက် ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးမော်မှလည်း လုပ်ငန်းရှင်ကဏ္ဍ၌ ပါဝင်မှုအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တိုင်းနှင့် ပြည်နယ်လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (ToR) များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ နေ့လည်ပိုင်း၌ အစိုးရကိုယ်စားလှယ်ဖြစ်သည့် ဦးကျော်သက်မှ အစိုးရကဏ္ဍ၌ SNU များနှင့်ချိတ်ဆက် ဆောင်ရွက်မှုအား ရှင်းလင်းတင်ပြခဲပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြခဲ့သည်။ လုပ်ငန်းရှင်ကိုယ် စားလှယ်ဖြစ်သည့် ဦးသက်နိုင်ဝင်းမှ လုပ်ငန်းရှင်ကဏ္ဍအား ရှင်းလင်းတင်ပြခဲ့ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားခဲ့ပြီး အရပ်ဘက်ကိုယ်စားလှယ် ဦးသန့်ဇင်မှ EITI ဖွဲ့စည်းခြင်းဆိုင်ရာအတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှုများအား SNU ၏ လုပ်ငန်းတာဝန်များနှင့် ချိတ်ဆက်တင်ပြခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ် SNU နာယကဖြစ်သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးဆောင်ကာ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် အရန်ကိုယ်စားလှယ်များသည် မိတ်ဆက် အစည်းအဝေးတစ်ခု ကျင်းပကာ အဖွဲ့ဝင်များအကြား မိတ်ဆက်ခြင်း၊ ကချင်ပြည်နယ် SNU ဖွဲ့စည်းပြီးကြောင်း အမိန့်ကြော်ငြာစာ ထွက်ရှိရေးနှင့် ပထမအကြိမ် အစည်းအဝေးကျင်းပရန် နေ့ရက်နှင့် ဆွေးနွေးလိုသည့် အကြောင်းအရာ များ ညှိနှိုင်းလျာထာခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။