ကချင်ပြည်နယ်၌ EITI လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ EITI (MEITI) လုပ်ငန်းစဉ်များအကြောင်း မိတ်ဆက် တင်ပြခြင်း အခမ်းအနား ကျင်းပခဲ့

2020-02-17

EITI လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ EITI (MEITI) လုပ်ငန်းစဉ်များအကြောင်း မိတ်ဆက်တင်ပြခြင်း အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်၌ EITI လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ EITI (MEITI) လုပ်ငန်းစဉ်များအကြောင်း မိတ်ဆက် တင်ပြခြင်း အခမ်းအနား ကျင်းပခဲ့ EITI လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံ EITI (MEITI) လုပ်ငန်းစဉ်များအကြောင်း မိတ်ဆက်တင်ပြခြင်း အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်ရှိ သတ္တုလုပ်ငန်းရှင်များအသင်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ သစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင် များအသင်းများမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အမှာစကားပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများမှလည်း မိတ်ဆက် စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန် ရှိသူများက EITI စံနှုန်း၊ မြန်မာနိုင်ငံ EITI သမိုင်းကြောင်း၊ လက်ရှိ EITI အကောင်အထည်ဖော်ဆောင်မှုများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု၊ Validation လုပ်ငန်းစဉ်၊ SNU ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များအား မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အစိုးရ အခန်းကဏ္ဍအား အစိုးရကိုယ်စားလှယ်ဖြစ်သည့် သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်မှ EITI လုပ်ငန်းစဉ်တွင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်မှုများ အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အရပ်ဘက်အခန်းကဏ္ဍနှင့် သတ္တုကဏ္ဍဗဟိုချုပ်ကိုင်မှုလျော့ချခြင်းလုပ်ငန်းစဉ်အား အရပ်ဘက်ကိုယ်စားလှယ်ဖြစ်သည့် ဦးသန့်ဇင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ လုပ်ငန်းရှင်အခန်းကဏ္ဍအား မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။