(၂၅) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး ကျင်းပ

2019-11-28 to 2019-12-09

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၂၅) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၌ နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၂၅) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၌ နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး EITI လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီး/ပြည်နယ် EITI လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင် များ၊ အစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် Independent Administrator ဖြစ်သည့် BDO LLP မှ တာဝန်ရှိသူများနှင့် အခြားလေ့လာသူများ အသီးသီးတက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ အတွက် လုပ်ငန်းနယ်ပယ်လေ့လာ သတ်မှတ်ခြင်း အစီရင်ခံစာ (မူကြမ်း) (Scoping Study Report) အား BDO LLP မှ ဆွေးနွေးတင်ပြခြင်းနှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ ကဏ္ဍအလိုက် လုပ်ငန်းနယ်ပယ်များ သတ်မှတ်ဆုံးဖြတ်ခြင်း၊ တတိယအကြိမ်နှင့်စတုတ္ထအကြိမ် သစ်တောကဏ္ဍ မြန်မာနိုင်ငံ EITI အစီရင်ခံစာများအတွက် လုပ်ငန်း နယ်ပယ်လေ့လာသတ်မှတ်ခြင်း အစီရင်ခံစာ (မူကြမ်း) (Scoping Study Report) အား BDO LLP မှ ဆွေးနွေး တင်ပြခြင်းနှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ လုပ်ငန်းနယ်ပယ်များ သတ်မှတ်ဆုံးဖြတ်ခြင်း နှင့် အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။