Work Plan and Governance Sub-committee Meeting (Sep 13, 2019)

2019-09-13

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား စက်တင်ဘာလ (၁၃) ရက်နေ့၌ ရန်ကုန်ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံ EITI Work Plan and Budget အား ရေရှည်နှင့် ရေတိုအစီအစဉ်များအား နိုင်ငံတကာ EITI စံနှုန်းသတ်မှတ်ချက်များ၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်းအစီရင်ခံစာပါ အကြံပြုတိုက်တွန်း ချက်များပါ ပြုပြင်ပြောင်းလဲရန်အချက်များအား ထင်ဟပ်ရေးဆွဲရန် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ မြန်မာနိုင်ငံ EITI ရေရှည်နှင့် ရေတိုအစီအစဉ်များအပါအဝင် MEITI MSG ပြန်လည်ဖွဲ့စည်းပါက ထည့်သွင်းစဉ်းစားရန်အချက်များ၊ တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့များဖွဲ့စည်းရန် ကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ကြသည်။