တွင်းထွက်သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (ဒုတိယအကြိမ်) ကျင်းပ

2019-09-12

တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (ဒုတိယအကြိမ်) ကျင်းပရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေး များကျင်းပ

မြန်မာနိုင်ငံ EITI အစီရင်ခံစာများပါ အကြံပြုတိုက်တွန််းချက်များ၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်းအစီရင်ခံစာပါ ပြုပြင်ပြောင်းလဲရမည့်အကြံပြုတိုက်တွန်းချက်များအပေါ် လိုက်ပါအကောင်အထည်ဖော်မှုအခြေအနေများ၊  ပထမအကြိမ် တွင်းထွက်သယံဇာတ ထုတ်ယူသုံးစွဲမှု နှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အစီရင်ခံစာပါ အကြံပြုချက်များနှင့်တွေ့ရှိချက်များနှင့် လက်ရှိအခြေအနေများအား  အခြေခံဆွေးနွေးရန်နှင့် ဒုတိယအကြိမ်အလုပ်ရုံအလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်ရည်ရွယ်ချက်များဖြင့် အကြိုညှိနှိုင်းအစည်းအဝေးများအား ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ ကဏ္ဍစုံကိုယ်စားလှယ်များ၊ ညှိနှိုင်းရေးမှူးရုံးတာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့သည်။

 ၉-၉-၂၀၁၉ ရက်နေ့နံနက်ပိုင်း၌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင််ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၏ ဌာနတာဝန်ရှိသူများနှင့်လည်းကောင်း၊ မွန်းလွဲပိုင်း၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဉီးစီးဌာန၏ ဌာနတာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

၁၁-၉-၂၀၁၉ ရက်နေ့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင််ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဉီးစီးဌာနမှ ဌာနအကြီးအကဲများနှင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရသုံးမှန်းခြေငွေစာရင်းဌာန၊ ပြည်တွင်းအခွန်များဉီးစီးဌာန၊ ငွေတိုက်ဉီးစီးဌာနတို့၏ ဌာနအကြီးအကဲများနှင့်လည်းကောင်း၊

၁၂-၉-၂၀၁၉ ရက်နေ့၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဉီးစီးဌာန၊ စီမံကိန်းစီစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဉီးစီးဌာနတို့၏ ဌာနအကြီးအကဲများနှင့်သီးခြားအချိန်ပိုင်းလိုက်လည်း ကောင်း၊

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင််ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဉီးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ် ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတို့၏ ဌာနအကြီးအကဲများ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မြန်မာ့ရေနံနှင့်သဘာဝဓါတ်လုပ်ငန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဉီးစီးဌာန တို့၏ ဌာနအကြီးအကဲ များနှင့်လည်းကောင်း စသဖြင့် ကဏ္ဍအလိုက် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။