6th Beneficial Ownership Task Force Meeting held in Nay Pyi Taw

2019-08-13

မြန်မာနိုင်ငံ EITI အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (Beneficial Ownership Task Force) ၏ (၆) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် ကူညီပံ့ပိုးပေးမည့် Natural Resource Governance Institute-NRGI မှ အကြံပေးဖြစ်သူ Matthieu Solomon နှင့် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံး၏ Asia Director Ms. Gay Ordenes တို့မှ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် BO လုပ်ငန်းစဉ်ဆောင်ရွက်ချက်များအား မျှဝေဆွေးနွေးရန်၊ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းအား အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး  ဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး၌ Beneficial Ownership Task Force ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံး၏ Asia Director Ms. Gay Ordenes မှ EITI နိုင်ငံများ၏ BO လုပ်ငန်းစဉ်အကောင်အထည်ဖော်မှု အခြေအနေများအား မြန်မာနိုင်ငံ နှင့် နှိုင်းယှဉ်ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် Mr. Matthieu Solomon ကလည်း BO လုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်ရန်အလားအလာများနှင့် ပတ်သက်၍ အကျယ်တဝန့်ရှင်း လင်းတင်ပြခဲ့သည်။

 ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းကလည်း အချက်အလက်များ ကောက်ယူမှုပုံစံများနှင့်ပတ်သက်၍ မျှဝေ ဆွေးနွေးခဲ့သည်။ NRGI Myanmar မှ ဒေါ်အေးကြည်သာဆွေနှင့် ညှိနှိုင်းရေးမှူးရုံး၏ နည်းပညာအဖွဲ့တို့မှ အချက်အလက်ကောက်ယူမည့် Online form အား ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသည့် အဖွဲ့ဝင်များကလည်း မေးမြန်းဆွေးနွေးခဲ့ကြသည်။