MEITI Work Plan Review Workshop Held in Yangon

2019-07-31

မြန်မာနိုင်ငံ EITI Work Plan အား ပြန်လည်သုံးသပ်ခြင်းနှင့်ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ EITI Work Plan အား ပြန်လည်သုံးသပ်ခြင်းနှင့်ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉-၃၀) ရက်နေ့၌ Vintage Luxury Yacht ဟိုတယ်၊ ရန်ကုန်တွင် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ပထမနေ့၌ အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လုပ်ငန်းအစီအစဉ်ရေးဆွဲရန်အတွက် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံး၏ အကြံပြုလမ်းညွှန်ချက်များ၊ အစီရင်ခံစာများပါမှတ်ချက်များနှင့်အကဲဖြတ်ဆန်းစစ်  ခြင်းအစီရင်ခံစာပါအကြံပြုချက်များအပေါ် လိုက်နာပြင်ဆင်ရမည့် corrective actions များ၊ ၂၀၁၉ EITI စံနှုန်းများ၊ လက်ရှိလုပ်ငန်းအစီအစဉ် (Work Plan) ၏ အကောင်အထည်ဖော်ပြီးစီးမှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံအဆင့်မူဝါဒများနှင့် ချိတ်ဆက်ထားမှုများအားဆွေးနွေးခဲ့ကြသည်။

 ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လုပ်ငန်းအစီအစဉ် ရည်ရွယ်ချက်များအလိုက် အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်ဆွေးနွေးတင်ပြခြင်းများပြုလုပ်ခဲ့သည်။

ဒုတိယနေ့၌ ဆွေးနွေးခဲ့သည့် လုပ်ငန်းအစီအစဉ်အား လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ထပ်မံသဘောထား မှတ်ချက်များပေးခြင်းနှင့် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ ဆက်လက်၍ အဓိကဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအား သတ်မှတ်ခဲ့ပြီး အစီအစဉ်မူကြမ်းများလည်း  ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပြီး၌  မြန်မာနို်င်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။