Myanmar EITI Delegation pays eight-day visit to Indonesia for Learning Mining Decentralization

2019-07-22

မြန်မာနိုင်ငံ EITI Delegation အနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဦးခင်လတ်ကြီးမှ ဦးဆောင်ကာ တိုင်းဒေသကြီး/ပြည်နယ် EITI လုပ်ငန်းညှိနှိုင်း  ဆောင်ရွက်ရေး အဖွဲ့များမှ သတ္တုလုပ်ကွက်စိစစ်ချထားပေးရေးကော်မတီအတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာအရပ်ဘက်မဟာမိတ်အဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးမှလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ သဘာဝ သယံဇာတအရင်းအမြစ်စီမံခန့်ခွဲမှုအကြံပေးအဖွဲ့ (Natural Resource Governance Institute) မှ မြန်မာနိုင်ငံတာဝန်ခံများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်း  ခြေငွေစာရင်းဦးစီးဌာန (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ) နှင့်  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတို့မှ တာဝန်ရှိသူများပါဝင်၍ လေ့လာရေးခရီးစဉ်အား သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှ (၂၀) ရက်နေ့အထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် ဘန်ကာကျွန်းတို့ထံ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။

မြန်မာ Delegation အနေဖြင့် ဇူလိုင်လ (၁၃) ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ရောက်ရှိခဲ့ပြီး ဒုတိယနေ့ဖြစ်သည့် ဇူလိုင်လ (၁၄) ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံ Institute of Science မှ သုတေသနပါမောက္ခတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေသည့် သတ္တုသမိုင်းပညာရှင် Dr. Erwiza Erman မှ “အင်ဒိုနီးရှားနို်င်ငံတွင် သတ္တုတူးဖော်ရေးဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဘန်ကာ ဒေသ ခဲမဖြူတူးဖော်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခြင်း၊ အင်ဒိုနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိအငြိမ်းစားတစ်ဦးဖြစ်ပြီး အစိုးရအရာရှိဖွဲ့စည်းပုံကော်မရှင်တွင် ကော်မရှင်နာတစ်ဦးဖြစ်သည့် Dr. Made Suwandi မှ “အင်ဒိုနီးရှားနိုင်ငံ၌ သတ္တုတူးဖော်ရေးဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းလုပ် ငန်းစဉ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ NRGI Myanmar မှ Country Manager ဦးမော်ထွန်းအောင်က “EITI စံနှုန်းနှင့် ပြည်နယ်နှင့်တိုင်းများ၏ သယံဇာတစီမံအုပ်ချုပ်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ Mr. Hosana Chay မှ “မြန်မာနို်င်ငံ သယံဇာတ (သတ္တုနှင့်ကျောက်မျက်) ကဏ္ဍ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း - အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ဒေါ်အေးကြည်သာဆွေမှ ခရီးစဉ်အစီအ စဉ်များအား မိတ်ဆက်တင်ပြခြင်းများအား ပြုလုပ်ခဲ့သည်။

တတိယနေ့၌ အင်ဒိုနီးရှားနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ၊ Mining Institute ၏ တည်ထောင်သူတစ်ဦးဖြစ်သည့် Mr. Hendra Sinadia မှ  “Mining Decentralization in Indonesia” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Publish what you pay ၏  National Coordinator ဖြစ်သူ Ms. Mayryati Abdullah   “Mining governance and Decentralization” ခေါင်းစဉ်ဖြင့်သော်လည်းကောင်း၊ လျှပ်စစ်၊ ဓါတ်သတ္တုနှင့်  ကျောက်မီးသွေး အရင်းအမြစ်ဝန်ကြီးဌာန၊ ဓါတ်သတ္တုနှင့်  ကျောက်မီးသွေး သတ္တုဌာန ၏ ဒုတိယညွှန်ကြားရေးမှူး Dr. Ing. Herry Permana မှ “Good Mining Governance” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားပတ်ဝန်းကျင်ရေးရာဖိုရမ်၏ စွမ်းအင်နှင့်မြို့ပြကဏ္ဍ Head Campaigner ဖြစ်သူ Mr. Dwi Sawung က “Decentralization Permit and Environmental Effect” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (KPK) ၏ ကော်မရှင်နာတစ်ဦးဖြစ်သူ  Mr. Laode M. Syarif မှ “Lesson Learned from Indonesia mining Decentralization” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးမျှဝေခဲ့ပြီး မြန်မာ Delegation အဖွဲ့ဝင်များက လည်း မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

စတုတ္ထနေ့၌ မြန်မာ Delegation အနေဖြင့် အင်ဒိုနီးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (KPK) ရုံး၌ ကော််မရှင်နာတစ်ဦးဖြစ်သည့် Mr. Laode M. Syarif နှင့်တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှား EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့နှင့် ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများကလည်း  လက်ခံတွေ့ဆုံကာ အင်ဒိုနီးရှား EITI လုပ်ငန်းစဉ်တိုးတက်မှုအခြေအနေများအား မျှဝေဆွေးနွေးခဲ့သည်။ ထို့နောက်  မြန်မာ Delegation မှ ဂျာကာတာမှ ဘန်ကာကျွန်းသို့ ခရီးဆက်ခဲ့ သည်။



ပဥ္စမနေ့၌ ဘန်ကာဘာလီတုန်ပြည်နယ်၏ ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံခြင်း၊ သတ္တုတူးဖော်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ခရီးသွားလာရေးကဏ္ဍတာဝန်ယူထားသည့် အစိုးရဌာနများက အတွေ့အကြုံ များအား မျှဝေရှင်းလင်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဘန်ကာကျွန်းရှိ လက်ရှိသတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် Kaolin ရေကန်သို့လည်း သွားရောက်လေ့လာခဲ့သည်။

ဆဌမနေ့၌ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်  PT TIMAH ၏ ယခင်တူးဖော်ရေးဧရိယာအား စိုက်ပျိုးရေးအတွက် ပြန်လည်ပြင်ဆင်ထားသည့်စံပြဧရိယာအား လေ့လာခဲ့ပြီး PT TIMAH ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကုမ္ပဏီ၏ သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ သတ္တုတူးဖော်မှုလုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုများအား မျှဝေခဲ့သည်။ မြန်မာ Delegation မှတာဝန်ရှိသူများကလည်း ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ အဆိုပါနေ့၌ Pangkalpinang မြို့ရှိ သုတေသန  ပညာရှင်တစ်ဦးဖြစ်သည့် Mr. Agung Nugraha ကလည်း “သတ္တုကဏ္ဍ ဗဟိုချုပ်ကိုင်မှုလျော့ချပြီးနောက် ဘန်ကာကျွန်း၏ခဲမဖြူသတ္တုလုပ်ငန်း၏ နိုင်ငံရေးဆိုင်ရာစီးပွား  ရေးဖြစ်စဉ်” ခေါင်းစဉ်ဖြင့် မျှဝေဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာ Delegation အနေဖြင့် ရီးစဉ်တစ်လျောက် အတွေ့အကြုံများနှင့် လေ့လာ တွေ့ရှိသုံးသပ်ချက်များအား အပြန်အလှန်ဆွေး  နွေးခဲ့ကြသည်။



သတ္တမနေ့၌ ဘန်ကာကျွန်းဒေသခံခဲမဖြူလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Mr. Djohan Aping တည်ထောင်ထားသည့် ရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လည်ပတ်လေ့လာခဲ့ပြီး ဘန်ကာကျွန်းမှ ဂျာကာတာသို့ ဆက်လက်ခရီးဆက်ခဲ့သည်။ သတ္တုတူးဖော်ရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု  လျှော့ချခြင်းအကြောင်း လေ့လာခဲ့သည့် မြန်မာ Delegation သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။



အဆိုပါလေ့လာရေးခရီးစဉ်အား မြန်မာ EITI လုပ်ငန်းစဉ်နှင့် NRGI Myanmar တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။