21st Multi-Stakeholder Group Meeting in Yangon

2019-05-03

မြန်မာနိုင်ငံ EITI မှ နှစ်လတစ်ကြိမ်ကျင်းပလေ့ရှိသည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၂၁) ကြိမ်မြောက်အစည်း အဝေးအား ၂၀၁၉ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရိလာဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၏နောက်ဆက်တွဲအစီရင်ခံစာ ပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာဆိုင်ရာကိစ္စရပ်များ၊ EITI စံနှုန်း ၂၀၁၉နှင့် Systematic Disclosure ကိစ္စရပ်များ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာလုပ်ငန်းစဉ်အခြေအနေများ၊ နိုင်ငံတကာ EITI ညီလာခံဆိုင်ရာကိစ္စရပ်များနှင့် အခြား EITI လုပ်ငန်းစဉ်များ၏ တိုးတက်ပြီးစီးမှု အခြေအနေများအား ဆွေးနွေးခဲ့သည်။