EITI Reflection Conference in Nay Pyi Taw

2019-05-28

EITI Reflection Conference အား ၂၀၁၉ ခုနှစ်၊ မေလ (၂၇-၂၈) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် နှစ်ရက်တာကျင်းပခဲ့သည်။


အဆိုပါညီလာခံအား  တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးမှ နိုင်ငံတော်ဘတ်ဂျက်တွင် ထည့်ဝင်သုံးစွဲ သည့်လုပ်ငန်းစဉ်များကို EITI လုပ်ငန်စဉ်များမှ တွန်းအားပေးဆောင်ရွက်ခြင်းမှ  ပြောင်းလဲလာသည့် ဝန်ကြီးဌာနနှင့် လုပ်ငန်းများ၏တိုးတက်မှုဖြစ်စဉ်များကို ပြန်လည်သုံးသပ်ဆန်းစစ်  ရန်နှင့် ရရှိခဲ့သည့် သင်ခန်းစာများ၊ ရလာဒ်များ၊ အောင်မြင်မှုများ နှင့်စိန်ခေါ်မှုအားသိရှိနားလည်  သဘောပေါက်စေရန်၊  EITI အစီရင်ခံစာများအား ဘာသာပြန်ဆိုမှုနှင့် လက်တွေ့ကျသော  ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် EITI လုပ်ငန်းစဉ်တွင်ပါ ဝင်ဆောင်ရွက် နေသည့်  သက်ဆိုင်ရာအကျိုးဆက်စပ်ပတ်သက်သူများက  စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်  ဆောင်ရွက်ရန် ဦးတည်ရည်ရွယ်၍ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင်၂၀၁၂ -၂၀၁၉  ခုနှစ်အကြား မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်  အကောင်အထည်  ဖော်ဆောင်မှုများအား ခြုံငုံသုံးသပ်ခြင်း၊ အဆိုပြု EITI စံနှုန်း (၂၀၁၉  ခုနှစ်)  အပေါ် သုံးသပ်ဆန်းစစ်ခြင်း နှင့်  အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်မှုအတွက်ရှေ့ဆက်  ဆောင်ရွက်ရမည့် လမ်းစဉ်များဆွေးနွေးသတ်မှတ်ခြင်း စသည်တို့ကို ဆွေးနွေးပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည်။

အဆိုပါညီလာခံသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊  သတ္တုတွင်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနများ၏ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များ၊  အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ရေးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်များ၊  NRGI နှင့် မိတ်ဖက်အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်  ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်   အခြားသော  လေ့လာသူများ တက်ရောက်ခဲ့သည်။