Meeting for Supplementary Report (April 29, 2019)

2019-04-29

စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ ၏ နောက်ဆက်တွဲအစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ Focal များ၊ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များနှင့် PwC Myanmar မှ တာဝန်ရှိသူများတွေ့ဆုံသည့်အစည်းအဝေးကျင်းပ

စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ ၏ နောက်ဆက်တွဲအစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ Focal များ၊ နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များနှင့် PwC Myanmar မှ တာဝန်ရှိသူများတွေ့ဆုံသည့်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့၌ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် PwC Myanmar မှ တာဝန်ရှိသူများက နောက်ဆက်တွဲအစီရင်ခံစာမူကြမ်းအား  ဆွေးနွေးတင်ပြခြင်း၊ အဆိုပါမူကြမ်းတွင် သက်ဆိုင်ရာ Stakeholders များ၏ မှတ်ချက်များအပေါ်ပြင်ဆင်ထား မှုများအား  ဆွေးနွေးတင်ပြခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များမှ မေးမြန်းဆွေးနွေးခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်အတည်ပြုခြင်း စသည်တို့်ကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။