Recommendation Consultation Workshop (April 23, 2019)

2019-04-23

မြန်မာနိုင်ငံ EITI ၏ နှစ်စဉ်ထုတ်ပြန်သောအစီရင်ခံစာပါ အကြံပြုတို်က်တွန်းချက်၊ မှတ်ချက်များအပေါ်တွင် သုံးသပ်ဆွေးနွေးသည့်အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ နည်းပညာအကြံပေးက မြန်မာနိုင်ငံ၏ EITI အကောင်အထည်ဖော်နေမှုလက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို တင်ပြခြင်း၊ သက်ဆိုင်ရာအစိုးရဌာနအလိုက် အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း၊ မြန်မာနို်င်ငံ EITI ညှိနှိုင်းရေးမှူးမှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်များဖြင့် ကျင်းပခဲ့သည်။