4th Beneficial Ownership Task Force Meeting (April 26, 2019)

2019-04-26

မြန်မာနိုင်ငံ EITI ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့မှ ကျင်းပသည့် စတုတ္ထအကြိမ်  မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၌ ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။



အဆိုပါအစည်းအဝေးတွင် တတိယအကြိမ်မြောက်အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်များအကောင်အထည်ဖော်မှုအခြေအနေများ၊ နိုင်ငံတော်သမ္မတရုံးအမိန့်ကြေညာစာပြင်ဆင်မှု  နောက်ဆုံးအခြေအနေများ၊ EITI စံနှုန်းများနှင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာဖွင့်ဟထုတ်ပြန်ခြင်း နှင့်ပတ်သက်၍ဆောင်ရွက်ရမည့်အချက် အလက်များ၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်အတွေ့အကြုံများ၊ အကျိုးအမြတ်ရရှိပို်င်ဆိုင်မှုဆိုင်ရာအချက်အလက်များ  ကောက်ယူမှု ပုံစံနှင့်အချက်အလက်ကောက်ယူမည့်နည်းလမ်းများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာအချက်အ လက်များနှင့် စပ်လျဉ်းသည့်သင်တန်းပေးရန်ကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များ စိစစ်အတည်ပြုခြင်းနှင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့  အဖွဲ့ခေါင်းဆောင် ဦးစိုးဝင်း (မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး) မှ ကျေးဇူးတင်စကားပြောကြားခဲ့ သည်။