Work Plan and Governance Subcommittee Meeting (March 22, 2019)

2019-03-22

လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၌ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ်နှင့်ဘတ်ဂျက်အား ဆွေးနွေးရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင်  ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များအတွက် ဦးစားပေးလုပ်ငန်း အစီအစဉ်များအား  ဆွေးနွေးရွေးချယ်ခဲ့ကြပြီး ဘဏ္ဍာရေးနှစ်ကာလပြောင်းလဲသွားသည့်အပေါ် ပဥ္စမအကြိမ် MEITI အစီရင်ခံစာကာလညှိနှိုင်းရန်အတွက် စာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာဌာနများ ပါဝင်၍  တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။