Gems Sector GIS and Mapping Workshop (21st March, 2019)

2019-03-21

Gems Sector Mapping ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Gems Sector Mapping ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအား  ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၌  နေပြည်တော်ရှိ  Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ရှေ့ဆက်လက်ဆောင်ရွက်မည့် Gems Sector Mapping နှင့်ပတ်သက်၍ Pre-cadaster Working Group အကြံပေးဖြစ်သူ Mr.Chorn Nak နှင့် Pre-cadaster Working Group မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် လုပ်ငန်းစဉ်အလားအလာများအား မျှဝေဆွေးနွေးရန်အဓိကထားရည်ရွယ်၍ ကျင်းပခဲ့  ခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ Pre-cadaster Working Group အကြံပေးဖြစ်သူ Mr.Chorn Nak မှ ကျောက်မျက်ကဏ္ဍမြေပုံဆိုင်ရာနှင့်ပတ် သက်၍ လက်တွေ့ကွင်းဆင်းခဲ့သည့်တွေ့ရှိချက်များ၊ လက်ရှိအခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊  ကျေက်စိမ်း၊  ကျောက်မျက်ဆိုင်ရာ Geo-spatial data တည်ဆောက်ရေးနှင့်စပ်လျဉ်းသည့်အကြံပြုမှတ်ချက် များတင်ပြခြင်း၊ NRGI မှ တာဝန်ရှိသူများက ကျောက်မျက်ကဏ္ဍဆိုင်ရာ Management Information System ၏ တိုးတက်ဆောင်ရွက်ချက်များအား ဆွေးနွေးခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောက်မျက် ကဏ္ဍဆိုင်ရာ GIS & Mapping Task-Force ဖွဲ့စည်းခြင်းကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် အဆိုပါကျောက် မျက်ကဏ္ဍအတွက် အကောင်အထည်ဖော်ရာတွင်လိုအပ်သည့် အထောက်အပံ့ပစ္စည်းများဆိုင်ရာကိစ္စရပ် များလည်း ဆွေးနွေးခဲ့သည်။