20th MSG Meeting (26th March, 2019)

2019-03-26

(၂၀) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ (၂၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးကို စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (အချောသတ်မူကြမ်း) အား ဆွေးနွေးရန်၊ EITI စံနှုန်းအသစ်များနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်တွင် မဖြစ်မနေထည့်သွင်းဆောင် ရွက်ရမည့်ကိစ္စရပ်များအား အဓိကထားဆွေးနွေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်ကြီး နှင့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင်များ၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊  ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့်  EITI ဌာနခွဲမှ တာဝန်ရှိသူများ၊ အစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အခြား  သောလေ့လာသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြော ကြားခြင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းမှ အမှာစကားပြောကြားခြင်း၊ စတုတ္ထအကြိမ်  မြောက်အစီရင်ခံစာ၏ လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ PwC မှ စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (အချောသတ် မူကြမ်း) အား ရှင်းလင်းတင်ပြခြင်းနှင့် သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးမှတ်ချက်ပြုခြင်း၊ ညှိနှိုင်းရေးမှူးရုံး မှ တာဝန်ရှိသူများက EITI စံနှုန်းအသစ်နှင့်ပတ်သက်၍ အကျဉ်းချုပ်တင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများ  ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်တွင် မဖြစ်မနေထည့်သွင်းဆောင် ရွက်ရမည့်ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ (၁၉) ကြိမ်မြောက် MSG အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ်၊ ဘတ်ဂျက်ဆိုင်ရာ  နောက်ဆုံးအခြေအနေများနှင့် ရှေ့ ဆက်ဆောင်ရွက်မည့် အစီအစဉ်/ နည်းလမ်းများအား ရှင်းလင်းတင်ပြခြင်း၊ Mining Cadastre Phase II ဆိုင်ရာနှင့် Gemstone Mapping တို့နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ သစ်တောကဏ္ဍအစီရင်ခံစာ နောက်ဆုံးအခြေအနေများ   ရှင်းလင်းတင်ပြခြင်း

ပဥၥမအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာနှင့်ပတ်သက်၍ တင်ပြခြင်း၊  ဆုံးဖြတ်ချက်များစစ်ဆေးအတည်ပြုခြင်းနှင့် သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပဥ္စမအကြိမ်မြောက် မြန်မာနိုုင်ငံ EITI အစီရင်ခံစာအတွက် IA ခေါ်ဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၏လိုုအပ်သည့်စံချိန်စံနှုန်းများ နှင့်ပတ်သက်၍  မြန်မာနိုုင်ငံ EITI ညှိနှိုင်းရေးမှူးမှ မြန်မာနိုင်ငံစာရင်းကောင်စီအား တာဝန်ယူညှိနှိုင်းရန်၊ ပဥၥမအကြိမ်မြောက် အစီရင်ခံစာ ထုတ်ပြန်မည့်အချိန်ကာလအပိုုင်းအခြားအတွက် (၁၂) လ သိုု့ (၁၈) လ သတ်မှတ်ထုတ်ပြန်ရန်ကိစ္စနှင့်စပ်လျဉ်း၍နိုင်ငံတကာ EITI အတွင်းရေးမှူးအဖွဲ့အား တိုင်ပင်ဆွေးနွေးရန်၊ လက်ရှိ MEITI ဘက်ဂျက်ကာလတိုးမြှင့် တောင်းခံရန်ကိစ္စရပ်များကြောင့် (၁၂) လစာထုတ်ပြန်ရန်ဟု လျာထားရန် စသည့်အချက်များအပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၁၆) ချက်အား ချမှတ်ခဲ့သည်။