Technical and Reporting Sub-committee Meeting (March 11, 2019)

2019-03-11

နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ ၌ ရန်ကုန်မြို့ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံ EITI ဆိုင်ရာဥပဒေဆိုင်ရာဥပဒေတစ်ရပ်ပေါ်ထွန်းလာရေး အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများအား ပြန်လည်သုံးသပ်ရန် ငှားရမ်းမည့်အကြံပေးပညာရှင် ၏ လုပ်ငန်းလမ်းညွှန် (ToR) အား ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် နည်းပညာနှင့်အစီရင်ခံစာလုပ်ငန်းခွဲကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဥပဒေဆိုင်ရာကျွမ်းကျင်သူက လုပ်ငန်းလမ်းညွှန်မူကြမ်း (Draft ToR) အား ပြင်ဆင်  ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဆွေးနွေးထားသည့် လုပ်ငန်းလမ်းညွှန်နှင့်ပတ်သက်၍ အချောသတ်ရေးသားရန်အတွက် လိုအပ်သည့်အကူအညီများတောင်းခံရန်၊ Gemstone Mapping Workshop အား မတ်လ (၂၁) ရက်နေ့တွင်ကျင်းပရန်နှင့် လိုအပ်သည်များဆက်လက်ဆောင်ရွက်ရန် စသည့်ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်များ ချမှတ်ခဲ့သည်။