Extractive Sector SOE Reform Workshop (21-22, February, 2019)

2019-02-22

 

တွင်းထွက်သယံဇာတထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သောနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်း လဲမှု   ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ လက်ရှိအနေအထားကို တင်ပြရန်၊ နိုင်ငံတကာနှင့် နိုင်ငံတွင်းပြုလုပ်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုများမှ အသိအမြင်များ၊ ပြင်ဆင်ရန် ကိစ္စရပ်များကို အပြန်အလှန်လေ့လာဆွေးနွေးမျှဝေရန်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကိုု ဆွေးနွေးရန်၊ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ၊ အချိန်သတ်မှတ်ချက်များနှင့်တစ်ကွဆွေးနွေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာ တနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန များမှ သက်ဆိုင်ရာဌာနများ၏ တာဝန်ရှိသူများ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ  ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပတ်သက်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အခြားသောလေ့လာသူများ တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများစီမံအုပ်ချုပ်မှု၊ အနာဂတ်လုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (နိုင်ငံပိုင်စီးပွားရေး  

အဖွဲ့အစည်းများဘတ်ဂျက်ဌာနခွဲ)၊ ငွေတုိက်ဦးစီးဌာန၊ ဗဟုစာရင်းအင်းအဖွဲ့၊ စီမံကိန်းရေး ဆွဲရေးဦးစီးဌာနနှင့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန များမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ NRGI မှ သယံဇာတတူးဖော်ထုတ်လုပ်ရေးကဏ္ဍ ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများ တင်ပြခြင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများစီမံအုပ်ချုပ်မှု၊ အနာဂတ်လုပ်ငန်း အစီအစဉ်များနှင့်ပတ်သက်၍  မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်းမှ ရှင်းလင်းတင်ပြခြင်း၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ မူဝါဒရေးရာနှင့်ပတ်သက်၍ သတ္တုတွင်းဦးစီးဌာနမှ လည်းကောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်မှုနှင့် အနာဂါတ်လုပ် ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊  မြန်မာ့ကျောက်မျက်ရတနာ  ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှုင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့်  မြန်မာ့သစ်လုပ်ငန်း တို့မှ တာဝန်ရှိသူ အသီးသီးကလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာသူများ ကလည်း ဆွေးနွေး  မေးမြန်းခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline-MNA) မှ တာဝန်ရှိသူက ကော်ပိုရေးရှင်းအဖြစ်  ပြောင်းလဲမှုအတွေ့အကြုံအားရှင်းလင်းတင်ပြခြင်း၊ NRGI မှ တာဝန်ရှိသူများက ပထမနေ့ဆွေးနွေးချက်များ ပြန်လည်သုံးသပ်တင်ပြခြင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင်လုပ်ငန်းများ၏ အခန်း ကဏ္ဍ အသွင်ကူးပြောင်းရေးနည်းလမ်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် အကြံပြုချက်  များအား ရှင်းလင်းတင်ပြခြင်းနှင့် အဖွဲ့အလိုက်ဆွေးနွေးခြင်းနှင့် တင်ပြခြင်း၊ မေးမြန်းဆွေးနွေးခြင်းများ  ပြုလုပ်ခဲ့သည်။

ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များအားစုစည်း၍ ရှေ့ဆက်လက်  ဆောင်ရွက်မည့် လုပ်ငန်းစဉ်များလည်း ဆွေးနွေးခဲ့ကြသည်။