EITI Awareness event to Members of Union Parliament Held

2019-02-26

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ သို့ မိတ်ဆက်ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့၌  နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာရဲမြင့်ဆွေ၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအား မိတ်ဆက်ရှင်းလင်းတင်ပြခြင်း၊ ၂၀၁၃-၁၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်ထားသော မြန်မာနိုင်ငံ EITI ပထမအကြိမ် အစီရင်ခံစာ၊  ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်၊ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်များအတွက်ထုတ်ပြန်ထားသော မြန်မာနိုင်ငံ EITI ဒုတိယနှင့် တတိယအကြိမ်အစီရင်ခံစာများပါ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုနှင့်ပုလဲကဏ္ဍ၊ ကျောက်မျက်၊ကျောက်စိမ်းကဏ္ဍ၊ အစီရင်ခံစာများပါအကြံပြုချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

တက်ရောက်လာသော ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော EITI လုပ်ငန်းစဉ်များ၊ EITI အစီရင်ခံစာများပါအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းခဲ့ပြီး သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။