စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် စာရင်းပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်များ ပြုလုပ်

2019-02-04 to 2019-02-05

စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်) အတွက် စာရင်းပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်များအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၌ နေပြည်တော်၊ Horizon Lake View Resort တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၌ ရန်ကုန်မြို့၊ မြန်မာနို်င်ငံ EITI ညှိနှိုင်းရေးမှူး ရုံးတွင်လည်းကောင်း ပြုလုပ်လျက်ရှိသည်။ ထိုပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်များတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ၏ လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ (Independent Administrator) ဖြစ်သည့် PwC မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ကြသည်။