Pre-meeting for Extractive Sector SOEs Workshop

2019-01-30

သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၌ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည်။

အကြိုညှိနှိုင်းအစည်းအဝေးသို့ အစိုးရဌာနများဖြစ်သည့် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊  ငွေတိုက်ဦး စီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေး နှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊  မြန်မာ့ကျောက်မျက်ရတ နာရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊  မြန်မာ့ သစ်လုပ်ငန်း၊  မြန်မာ့ရေနံ နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ရေနံ နှင့် သဘာဝဓါတ်ငွေ့ စီမံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊  Natural Resource Governance Institute (NRGI) နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူးရုံး တာဝန်ရှိသူများနှင့်  အခြားလေ့လာသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် သဘာဝသယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုနှင့်သက်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ (State-Owned Enterprise - SOEs) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်အား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအတွက် ဖိတ်ကြားရေးကိစ္စရပ်များနှင့် ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။