(၁၇) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး

2018-11-26

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အရ (၁၇) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၌ နေပြည်တော်၊ Horizon Lake View ဟိုတယ်တွင် ကျင်းပခဲ့သည်

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များ၊ အရန်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေးမူဝါဒ၊ မဟာ ဗျုဟာနှင့် EITI ဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ လေ့လာသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးအဖွဲ့ဝင်များ၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာအတွက် လွတ်လပ်သောစာရင်းတိုက်ဆိုင်စစ်ဆေးသူ (Independent Adminstrator - IA) PwC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းများနှင့် အခြား လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ 

PwC မှ လုပ်ငန်းနယ်ပယ်လေ့လာသတ်မှတ်ခြင်းအစီရင်ခံစာ (Scoping Study Report) အား တင်ပြခဲ့ပြီး သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ (၁၆) ကြိမ်မြောက်သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုနှင့် လုပ်ငန်းသဘောတူညီချက် (Grant Agreement) သက်တမ်း တိုးမြှင့်မှု အပါအဝင် ရှေ့လုပ်ငန်း လျာထားချက်များအား ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (Sub-national Coordination Unit – SNU) ဖွဲ့စည်းခြင်း၊ သစ်တောကဏ္ဍ အစီရင်ခံစာ၊ Mining Cadastre တို့နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့ပြင် ရေအားလျှပ်စစ်ကဏ္ဍ အစီရင်ခံစာ နှင့် သစ်တောကဏ္ဍအစီရင်ခံစာတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ရှင်းလင်းတင်ပြခဲ့ သည်။

ထို့နောက် စတုတ္ထအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာရေးသားပြုစုနိုင်ရေးအတွက် လုပ်ငန်း နယ်ပယ်လေ့လာသတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များအပါအဝင် မြန်မာနိုင်ငံ EITI လုပ်ငန်းများရေရှည်တည်တံ့နိုင်စေရန် လုပ်ငန်းသဘောတူညီချက်နှင့် MoU ပြင်ဆင်ရန်၊ SNU များအား သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းသို့ ပုံမှန်ဖိတ်ကြားရန် စသည့်ဆုံးဖြတ်ချက်များ ချမှတ် အတည်ပြု၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။