Shan SNU Orientation and Formation (October 30-31, 2018)

2018-10-31

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်အား မိတ်ဆက်တင်ပြခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံးတွင်  အောက်တိုဘာလ (၃၀) ရက်နေ့ မှ (၃၁) ရက်နေ့အထိ (၂) ရက်တာ ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုယ်စားပြု ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားပြု ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး တာဝန်ရှိသူများမှ EITI အကြောင်းမိတ်ဆက်တင်ပြခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုလုပ်ငန်းစဉ်အား မိတ်ဆက်တင်ပြခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခြင်းနှင့်  တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ မရှင်းလင်းများ မေးမြန်းဆွေးနွေးခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုယ်စားပြု ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားပြု ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတာဝန်ရှိသူများက မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကဏ္ဍအလိုက်ကိုယ်စားလှယ်များမှ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (ToR) အား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များမှ ရှမ်းပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ကဏ္ဍအလိုက်အမည်စာရင်းများ အဆိုပြု၍ ညှိနှိုင်းအတည်ပြုခြင်း နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပခဲ့သည်။