ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး လုပ်ငန်းခွဲကော်မတီ အစည်းအဝေးကျင်းပ

2018-11-02

ပြန်ကြားရေးနှင့်ပြင်ပဆက်ဆံရေး လုပ်ငန်းခွဲကော်မတီ အစည်းအဝေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အမျိုးသားအဆင့် EITI ညီလာခံကျင်းပမည့် ကိစ္စရပ်များနှင့် လုပ်ငန်းအစီအစဉ်ပါ ပြန်ကြားရေးနှင့်  ပြင်ပဆက်ဆံရေးဆိုင်ရာ လုပ်ငန်းစဉ်များ စသည်တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစီရင်ခံစာများထုတ်ပြန်ခြင်းအခမ်းအနားသို့ SNU တစ်ဖွဲ့လျှင် နာယက အပါအဝင် (၇) ဦးစီ ဖိတ်ကြားရန်၊  SNU များသို့ ဖိတ်ကြားရာတွင် ကဏ္ဍ အသီးသီးမှ ပါဝင်နိုင်ရေးအတွက် စီစဉ်ဖိတ်ကြားရန်၊ လုပ်ငန်းလိုအပ်ချက်အရ မြန်မာနိုင်ငံ EITI ပြင်ပအဖွဲ့အစည်းများအား ဖိတ်ကြားမည်ဆိုပါက သက်ဆိုင်ရာလုပ်ငန်းခွဲကော်မတီ၏ သဘောတူညီချက်အား ကြိုတင်ရယူရန်  စသည့် အစည်းအဝေး သဘောတူညီချက်များ ချမှတ်၍ အစည်းအဝေးအား ကျင်းပပြီးစီးခဲ့သည်။