လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-11-01

လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီ အစည်းအဝေးကျင်းပ

လုပ်ငန်းအစီအစဉ်နှင့် စီမံအုပ်ချုပ်မှု လုပ်ငန်းခွဲကော်မတီ အစည်းအဝေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ရန်ကျန်ရှိနေသော သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်များ၊ လုပ်ငန်းအစီအစဉ်နှင့်ဘက်ဂျက်ဆိုင်ရာ ကိစ္စရပ်များ နှင့် Procurement ဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့သည်။

MoPF နှင့် RI အကြားချုပ်ဆိုထားသော နားလည်မှု စာချွန်လွှာ (MoU) အားအချိန်မီ အမြန်ဆုံးပြင်ဆင်ရန်၊ SNU Workshop များအား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ SNU များအား စုစည်းဖိတ်ကြား၍ ကျင်းပရန်နှင့် EITI Conference အား နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျင်းပ မည့်  ပြန်ကြားရေးနှင့် ပြင်ပ ဆက်ဆံရေး လုပ်ငန်းခွဲကော်မတီ      အစည်းအဝေးတွင် တင်ပြရန် စသည့် အစည်းအဝေး သဘောတူညီချက်များ ချမှတ်၍ အစည်းအဝေးအား ကျင်းပ ပြီးစီးခဲ့သည်။